Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မတူပီ၊ တပ်မဟာ – ၂ က ရဲဘော်များ တပ်မဟာ – ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟုဆို

CDF – မတူပီ၊ တပ်မဟာ – ၂ က ရဲဘော်များ တပ်မဟာ – ၁ ထံ ပူးပေါင်းခြင်းမဟုတ်ဘဲ ခွင့်ဖြင့်နေရပ်ပြန်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ဟုဆို

0
By Editor on January 10, 2025 Headline

(006SV)

CDF – မတူပီ၊ တပ်မဟာ – ၂ မှ တပ်မှူး – ၂ ဦးနှင့် ရဲဘော် ၆ ဦးသည် တပ်မဟာ – ၁ တပ်ဖွဲ့ထံ ပူးပေါင်းသည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိဘဲ ၎င်းတို့သည် ခွင့်ဖြင့်အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

CDF မတူပီ၊ တပ်မဟာ – ၂ ၊ တပ်ရင်း ၆ ၏ စခန်းမှူးသည် သားဖြစ်သူ မိုင်ထိ၍ လက်ပြတ်သွားသောကြောင့် ခွင့်ယူ၍ အိမ်ပြန်စဉ် ဖမ်းဆီးခံရပြီး၊ တပ်ရင်း – ၆ စစ်ရေးဌာနမှူးသည်လည်း မိန်းမဖြစ်သူ အမွှာပူး ကလေးမွေးရန် ရှိနေ၍ ခွင့်ဖြင့် အိမ်ပြန်စဉ် တပ်မဟာ – ၁ က ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

တပ်မဟာ ၂ ၏ ရဲဘော် ၆ ဦးသည်လည်း ခရစ္စမတ်ကာလအပါအဝင် ၎င်းတို့၏ ဇာတိနယ်မြေကို ပြန်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယင်းတို့အထဲက ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ရဲဘော် ၁ ဦးတို့မှာ ချစ်ကြိုက်၍ လက်ထပ်ရန် အိမ်ပြန်ကြခြင်းဖြစ်သည်ဟု ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

“သူတို့က ရွာဘက်ကို ပြန်ရင်းနဲ့ သူတို့ ရွာဘက် ရောက်တဲ့အချိန် ဖမ်းသွားတယ်။ အကုန်လုံး ဖမ်းပြီးမှ ကျနော်တို့နဲ့ လာပူးပေါင်း တယ်လို့ ထုတ်ပြန်တာပါ။ ကျနော်တို့က ခရစ္စမတ်နေ့မို့ ခွင့်ပေးထားတယ်။ ကောင်းကောင်းမွန်မွန် ပြန်လာနိုင်ဖို့ဆိုပြီး လုပ်ပေး တယ်။ ပြီးရင် တပ်မဟာ ၁ နဲ့ တိုင်ပင်ပြီးမှ ဝင်ထွက်သွားလာခွင့် လုပ်ပါ၊ အခန့်မသင့်ရင် အဖမ်းခံရနိုင်တယ်လို့ ကြိုတင်ပြောပြီး သာ။ ကျနော်တို့ ထင်တဲ့အတိုင်းပဲ ဟိုဘက်ရောက်တော့ အကုန်လုံး ဖမ်းသွားတယ်။ ဖမ်းသွားတာကို ဟိုဘက်ကို ပူးပေါင်းတယ် လို့ သူတို့ ထုတ်ပြန်တာပါ။ ဒါက အမှားကြီးပါ” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

တပ်မဟာ – ၂၊ တပ်ရင်း ၆ သည် CDF မတူပီ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကွဲပြဲပြီးနောက် တပ်မဟာ -၁ ၊ တပ်ရင်း – ၁ မှ ခွဲထွက်ပြီး တပ်ရင်းအသစ်၊ တပ်ရင်း – ၆ အဖြစ် တည်ထောင်ထားခြင်းဖြစ်ကာ၊ တနယ်ထဲသားချင်းများဖြစ်ကြသည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသော တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် မရဖြစ်ကြောင်း၊ လိုင်းသုံးခွင့်၊ ဆက်သွယ်ပြောဆိုခွင့်များ ပိတ်ပင်ထားသည်ဟု ယူဆကြောင်း တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် မတူပီ၊ တပ်မဟာ ၂ အဖွဲ့မှ တပ်မဟာ စစ်ဦးစီး ၁ ဦး၊ တပ်ရင်းစခန်းမှူး ၁ ဦး၊ ရဲဘော် ၆ ဦးတို့သည် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ စည်းလုံးညီညွတ်ရေးအတွက် ပူးပေါင်းဝင်ရောက်လာသည်ဟု CDF – မတူပီ၊ တပ်မဟာ ၁ က ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ဒီလိုလာတဲ့ အကြောင်းအရင်း အကုန်လုံး ခြုံကြည့်မယ်ဆိုရင် တပ်မဟာ – ၁ နဲ့ ပူးပေါင်းမယ်လို့ ပြောဆိုတာ ရှိတယ်။ အကုန်လုံးတော့ မတူဘူး။ သူ့အကြောင်းရင်နဲ့ သူတော့ ရှိတယ်။ အဓိက အကြောင်းရင် ပြောရရင် တပ်မဟာ ၁ နဲ့ ပူးပေါင်းချင်လို့ ဆိုပြီး လာကြတာ။ သူတို့က စစ်ကောင်စီလည်း ကုန်ပြီးပြီ၊ ဘုံရန်သူလည်း မရှိတော့ဘူးဆိုတော့ ကျနော်တို့က မတူပီ ညီညွတ် တာပဲ လိုချင်တယ်ဆိုပြီးတော့မှ ထွက်ဆိုတာတွေလည်း ရှိတယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့် ရှိသူ ကိုဘွေအုပ်က ယမန်နေ့က ခိုနူမ်းသုန်းကို ပြောသည်။

တပ်မဟာ – ၂ မှ ရဲဘော်များကို သတ်မှတ်တိုက်နယ်အတွင်းမှာသာ လောလောဆယ် နေထိုင်ရန် ကန့်သတ်ထားမှုရှိပြီး စည်းကမ်း ချက်တချို့ဖြင့် တားမြစ်ချက်အနည်းငယ် ပြုလုပ်ထားသည်ဟု ကိုဘွေအုပ်က ပြောသည်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် တပ်မဟာ – ၁ ပါဝင်သော ချင်းညီနောင်နှင့် ပူးပေါင်းအဖွဲ့သည် မတူပီမြို့ စစ်ကောင်စီစခန်းများကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ထားသည်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.