Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တောင်ဇလပ်၊ ချယ်ရီနှင့် သစ်ခွပန်းများကို ခရီးသွားပြည်သူတွေ ခူးယူ၊ ချိုးယူမှု ပိုပြုလုပ်လာ

တောင်ဇလပ်၊ ချယ်ရီနှင့် သစ်ခွပန်းများကို ခရီးသွားပြည်သူတွေ ခူးယူ၊ ချိုးယူမှု ပိုပြုလုပ်လာ

0
By Editor on January 13, 2025 Headline

ဇန်နဝါရီလ ၁၁ နောက်ပိုင်း ပြုလုပ်သူများကို အရေးယူတော့မည်

(006SV)

ကန်ပက်လက်မြို့နယ်၊ မြို့မနယ်မြေအတွင်း ခိုနူမ်းသုန် (သို့မဟုတ်) နတ်မတောင်ပေါ်တွင် ခရီးသွားပြည်သူများက တောင်ဇလပ်၊ ချယ်ရီနှင့် သစ်ခွပန်းများကို ခူးယူခြင်း၊ အကိုင်းအခက်များ ခုတ်ယူချိူးယူခြင်း ပိုမိုပြုလုပ်လာနေသည်ဟု CDF – ကန်ပက်လက်၊ တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

“တောင်တက်ခရီးသည်တွေ တော်တော်များများက သဘာဝကို မြတ်နိုးပြီး ထိန်းသိမ်းတဲ့အရာပေါ် ခူးတာတို့၊ ခုတ်တာတို့ လုပ်တဲ့အရာတွေ များပြားလာလို့ စာထုတ်ရခြင်းဖြစ်ပါတယ်။ ဒေသခံနဲ့ တခြားဒေသက လူတွေက တောင်တက်ခရီးတွေ အများကြီးလာပြီးမှ ညအိပ်တာတွေမှာ အဲလိုလုပ်ကြတာတွေ တွေ့မြင်နေရလို့ပါ” ဟု တူမီးတပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းက နာမည်ကျော် ခိုနူမ်းသုန်တောင်ရှိသည့် ကန်ပက်လက်မြို့၊ မြို့မနယ်မြေအတွင်း တောင်တက်ခရီးသွားပြည်သူများအနေဖြင့် တောင်ဇလပ်၊ ချယ်ရီနှင့် အခြားသစ်ခွပန်းများ ခူးယူသယ်ဆောင်ခြင်း၊ အကိုင်းအခက်များ ချိူးယူခြင်း မပြုလုပ်ကြရန် တူးမီးတပ်ရင်း (တပ်ရင်း ၃) က ဇန်နဝါရီလ ၁၁ ရက်က စာထုတ်ပြန်သည်။

တောင်ဇလပ်နှင့် ချယ်ရီပင်တို့သည် အပင်၊ အကိုင်းအခက်များကို ခုတ်ယူခြင်းများ ပြုလုပ်ပါက နောက်ထပ် မျိုးမပွားနိုင်ခြင်း၊ အပင်သေဆုံးခြင်းတို့ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၁ ရက်မှစ၍ တောင်ဇလပ်၊ ချယ်ရီနှင့် သစ်ခွပန်းများကို ခူးယူသယ်ဆောင်မှုများ တွေ့ရှိပါက မည်သည့်နေရာမဆို ထိရောက်စွာ၊ ဖမ်းဆီးအရေးမှုများ ဆောင်ရွက်မည်ဟု တူမီးတပ်ရင်းက ထုတ်ပြန်သည်။

“အကိုင်းအခက် ခူးလာတဲ့ လူတွေကို၊ လမ်းတွေမှာ ဂိတ်တွေမှာ တွေ့ရင် ဖမ်းဆီးတာထက်စာရင် ဒဏ်ငွေရိုက်ဖို့က ပိုဖြစ်မှာပါ။ သဘာဝအတိုင်း ပွင့်နေတာကို ထိန်းသိမ်းဖို့ လိုအပ်တယ်။ ခရီးသွားပြည်သူတွေအနေနဲ့ သဘာဝကို ပိုမြတ်နိုးပေးကြဖို့ လိုအပ်တယ်” ဟု တူမီးတပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက နှိုးဆော်သည်။

သဘာဝ သစ်ပင်ပန်းမန်များနှင့်ပတ်သက်၍ ခရီးသွားပြည်သူများကို အသိပေးခြင်းသည် CDF ကန်ပက်လက်က ထိန်းချုပ်ထားသော နယ်မြေအားလုံး အကြုံဝင်သည်ဟု ဆိုသည်။

CDF – ကန်ပက်လက်၊ တပ်ရင်း – ၃ (တူမီးတပ်ရင်း) သည် ခိုနူမ်းသုန် တောင်ပေါ်တောနှင့် မြို့မနယ်မြေတို့တွင် စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ကန်ပက်လက်မြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဒီဇင်ဘာလ ၂၃ ရက်တွင် စစ်ကောင်စီတပ်သည် မြို့ကို စွန့်ခွာထွက်ပြေးပြီးနောက် CDF – ကန်ပက်လက်သည် ကန်ပက်လက်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.