Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်

ဟားခါးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်

0
By Editor on February 25, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာကြကြောင်း သိရသည်။

ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၄ ရက်နေ့က ချင်းတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ကြသော Senthang Revolution Force- SRF နှင့် CDF– Hakha ထံ အလင်းဝင်လာကြခြင်းဖြစ်သည်။

ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော် နှစ်ဦးသည် MA 1 သေနတ် -၂ လက်နှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၎င်းတို့ထံအလင်းဝင်ရောက်လာကြောင်း Senthang Revolution Force- SRF က ယမန်နေ့တွင် ထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသူများကို ငွေသား လက်ဆောင်များချီးမြင့်ပေးသည့်အပြင် အခြားသောအဖိုးတန်ပစ္စည်းများကိုလည်း ချီးမြှင့်‌ေပးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်တွင် ကျန်ရှိနေသေးသော ရဲဘော်အားလုံးကိုလည်း အလင်းဝင်လာကြရန် အမြဲတမ်းကြိုဆိုကြောင်း SRF က ဖိတ်ခေါ်ထားသည်။

အလားတူ ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ လက်နက်ခဲယမ်းများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်လာခဲ့သည်ဟု Chinland Defense Force – Hakha ကလည်း ယမန်နေ့တွင်ထုတ်ပြန်သည်။

ယခုကဲ့သို့ လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြဲကြိုဆိုပြီး ဆုငွေများ ချီးမြှင့်‌သည့်အပြင် နောက်နောင် အလင်းဝင်လိုသူများကို လည်း ကြိုဆိုကြောင်း၊ ၎င်းတို့ကို လွတ်မြောက်နယ်မြေ ရောက်သည်အထိ တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၉ ရက်‌ေန့ကလည်း ဟားခါးမြို့ရှိ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ Senthang Revolution Force- SRF ထံအလင်းဝင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.