Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ် ပြည်သူတချို့ အခြေခံစားနပ်ရိက္ခာ ရှားပါးနေ

မင်းတပ် ပြည်သူတချို့ အခြေခံစားနပ်ရိက္ခာ ရှားပါးနေ

0
By Editor on March 3, 2025 Headline

ဒေသခံအဘွားအိုတစ်ဦး စားစရာမရှိ၍ အသီးအရွက်ကိုသာ တနှစ်ခန့်အကြာ စားသောက်နေရ

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲတွင် ဒေသခံပြည်သူတချို့သည် အခြေခံစားနပ်ရိက္ခာ ရှားပါးမှုများ ကြုံတွေ့နေရပြီး ဒေသခံ အဘွားအိုးတဦးသည် စားစရာမရှိသောကြောင့် တနှစ်ခန့်ကြာ အသီးအရွက်များကိုသာ ရှာဖွေစားသောက်နေထိုင်ရသည်ဟု သိရသည်။

မင်းတပ်မြို့က အဘွားအို ၁ ဦးသည် စားစရာ ဆန်၊ ဆီ၊ ဆား မရှိသောကြောင့် ငှက်ပျောအူ၊ ငှက်ပျောသီး၊ ငှက်ပျောဖူးအပါအဝင် အသီးအရွက်တွေကိုသာ တောတောင်ထဲ ရှာဖွေစားသောက် ရှင်သန်နေရသည်။

မင်းတပ်မြို့နယ်အတွင်း ယင်းအဖွားအိုကဲ့သို ဒေသခံပြည်သူတွေ အများအပြားရှိနေသည်ဟု မင်းတပ်မြို့က အဘွားအိုတဦးအကြောင်း ရုပ်သံရိုက်ကူးဖော်ပြသူ ဆလိုင်းနိုင်းဟုန်းက ပြောသည်။

“ဒီအတိုင်းပဲ စားစရာ ဆန်မရှိလို့ ငှက်ပျောအူတို့ ငှက်ပျောသီးတို့၊ ငှက်ပျောဖူးတို့ပဲစားပြီး အခုထိ နေလာတာပါ။ ကျနော်သွားပြီးမှ ဆန်၊ ဆီ၊ ဆား နည်းနည်းပါးပါး ကျနော်တတ်နိုင်သလောက်လေး သူ့ကို မျှဝေဖြစ်ပါတယ်။ သူ့မှာ စားစရာ ဆန်၊ ဆီ၊ ဆား မရှိလို့ အသီးအရွက်တွေပဲ ပုံမှန် တောထဲကခူးပြီး အမြဲတမ်းစားနေတာပါ။ ဒီလိုမျိုးတွေ မင်းတပ်မြို့နယ်ထဲမှာ အများကြီးရှိနေပါတယ်။ စစ်ဘေးလည်း မရှောင်နိုင်ဘူး။ စစ်ဘေးရှောင်ဖို့လည်း မတတ်နိုင်တဲ့ ပြည်သူတချို့ပေါ့ဗျာ။ စားသောက်စရာတွေ အရမ်းခက်ခဲ ဖြစ်နေပါတယ်” ဟု ဆလိုင်းနိုင်းဟုန်းက ပြောသည်။

မင်းတပ်မြို့ပေါ်က အဘွားတဦး၏အခြေအနေ ရုပ်သံကို မင်းတပ်ဒေသခံ ဆလိုင်းနိုင်းဟုန်းက ဖေဖော်ဝါရီလ ၂၈ ရက်က ရိုက်ကူးဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအဘွားသည် မင်းတပ် မြို့သိမ်းစစ်ဆေးရေးကာလ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အများအပြားရှိသော်လည်း အိုးအိမ်စွန့်ခွာမပြေးဘဲ နေထိုင်ခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့နယ်ထဲတွင် ဒေသခံပြည်သူများသည် အခြေခံစားနပ်ရိက္ခာများ ပိုမိုကြပ်တည်းလာပြီး တချို့ပြည်သူများမှာ ဆန်၊ ဆီ၊ ဆားကို ချေးငှားစားနေရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုလောရင့်ကလည်း ပြောသည်။

“စစ်ဘေးရှောင်တွေထက် ပိုမိုပြီး ခက်ခဲတဲ့ ရွာမှာ အစားအသောက် ခက်ခဲတယ်။ နေဖို့ထိုင်ဖို့ ခက်ခဲတယ်။ ကျနော်နေတဲ့ ရွာမှာလည်း ရှိပါတယ်။ သူစားဖို့ ဆန်မရှိဘူး။ လိုက်ချေးငှားပြီးစားတယ်။ အခုထိကတော့ ကျနော်တို့ ပံ့ပိုးနိုင်သေးတယ်။ ကျနော်တို့ မရှိတော့ဘူးဆိုရင် သူ့အနေနဲ့ တော်တော်လေး ခက်ခဲမယ့်အနေအထားမျိုး ရှိပါတယ်” ဟု ကိုလောရင့်က ပြောသည်။

မင်းတပ်မြို့နယ်ထဲက စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများအနေဖြင့် အခြေခံစားနပ်ရိက္ခာများ အဓိက ခက်ခဲကြပ်တည်းရခြင်းသည် ကုန်ဈေးနှုန်းမြင့်မားမှုနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှု စသည့်အချက်များလည်း ပါဝင်သည်ဟု မင်းတပ် ဒေသခံများထံမှ သိရသည်။

မင်းတပ်မြို့နယ်တွင် ဒေသခံများ ဆတ်နီ၊ ဆတ်ဝါနှင့် ဝါးဥကို အဓိက စိုက်ကြကြောင်း၊ ဝါးဥများ သယ်ယူပို့ဆောင်၊ ရောင်းချရာတွင် လမ်းခရီးမှာ ဂိတ်အများအပြားကို အခွန်ပေးရသောကြောင့် ဝါးဥဈေးနှိမ်ခံရသည်ဟု သိရသည်။

လက်ရှိတွင် ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံကုန်ဈေးနှုန်းသည် သုံးဆခန့် မြင့်တက်နေပြီး ဆန် ၁၆ ပြည်တအိတ်ကို တသိန်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း၊ ယခင်က ဝါးဥခြောက် တပိသာသည် ဆန်တတင်းနှင့် ဈေးတူညီနေပြီး လက်ရှိမှာ ဝါးဥခြောက် ဆယ်ပိသာနီးပါးမှ ဆန်တတင်း (၂၄ ပြည်) နှင့် တူညီနေသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင် အရပ်ဖက်အဖွဲ့အစည်းများ အားနည်းနေသောကြောင့် လူသားချင်းစာနာမှုအကူအညီများ လွန်စွာနည်းပါးနေပြီး အမေရိကန် USAID အထောက်အပံ့များ ပြန်ရုတ်သိမ်းသွားမှုသည် ဒေသခံပြည်သူများအပေါ် ထိခိုက်မှု များပြားသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ကိုလောရင့်ကလည်း ပြောသည်။

“CSO တွေ အရမ်းနည်းပါတယ်။ NGO ဝင်တာတွေ အရမ်းနည်းတယ်။ နဂိုတုန်းက နည်းနည်းရှိတယ်။ ၂၀၂၄၊ ၂၀၂၅ မှာဆိုရင် ရှိတဲ့အဖွဲ့အစည်းတွေ တော်တော်များများလေး ပြန်ရုတ်သိမ်းသွားတယ်။ ဒီကြားထဲမှာ USAID က သူ့ အစီအစဉ်တွေ အကုန် ရပ်လိုက်တဲ့ဟာကလည်း ကျနော်တို့အပေါ်မှာ တော်တော်လေး ထိခိုက်ပါတယ်။ အဓိက, က စစ်ဘေးရှောင်တွေမှာ တော်တော်ထိခိုက်တယ်။ ပေးဖို့ ပြင်ဆင်ထားပြီးသာတွေ အကုန်လုံးက မပေးလိုက်ရတဲ့ အနေအထားမှာ တချို့အဖွဲ့လေးတွေဆီကနေ ကျနော်တို့ ကြားရပါတယ်။ (CSO၊ NGO) ဝင်လာတဲ့အဖွဲ့က ဆုတ်ယုတ်သွားတာပဲရှိတယ်။ တိုးလာတာ မရှိပါဘူး” ဟု ကိုလောရင့်က ပြောသည်။

လတ်တလောတွင် မင်းတပ်မြို့နယ်က အခြေခံစားနပ်ရိက္ခာ ရှားပါးကြပ်တည်းသော ဒေသခံပြည်သူများစာရင်းကို ကောက်ယူထားပြီး ရရှိလာသော အချက်အလက်များကို မကြာမီ ထုတ်ပြန်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ကူညီထောက်ပံ့ပေးနိုင်ရန် အချက်အလက်များကို ပုံစံ ၁ တွင် နေရပ်အိုးအိမ်စွ့န်ခွာ ထွက်ပြေးရသော စစ်ဘေးရှောင်များ၊ ပုံစံ ၂ တွင် မသန်စွမ်းမိသားစုများ၊ မုဆိုးမ/ဖို မိသားစု အပါအဝင် အစောင့်အရှောက်ကင်းမဲ့သော ပြည်သူများ၊ ပုံစံ ၃ တွင် စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းခံရသော မိသားစုများ၊ ဖမ်းဆီးသတ်ဖြတ်ခံရသော မိသားစုများ၊ ပုံစံ ၄ တွင် စစ်အာဏာသိမ်းကာလ သေဆုံးသူရှိသော မိသားစုအချက်အလက်များကို ကောက်ယူထားသည်ဟု သိရသည်။

အကြပ်အတည်း ကြုံနေရသော ဒေသခံနှင့် စစ်ဘေးရှောက်ပြည်သူများကို ကူညီထောက်ပံ့ လှူဒါန်းလိုပါက မင်းတပ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ မင်းတပ်မြို့ပေါ်က အိုးအိမ်စွန့်ခွာရသည့် စစ်ရှောင်ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် ယခုလပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.