Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၂၄၁၈ ဦးအထိ မြင့်တက်လာဟု NUG အစိုးရထုတ်ပြန်

ငလျင်ကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၂၄၁၈ ဦးအထိ မြင့်တက်လာဟု NUG အစိုးရထုတ်ပြန်

0
By Editor on March 31, 2025 Headline

(006SV)

ငလျင်ဘေးဒဏ်ကြောင့် မတ်လ ၃၁ ရက် ညနေပိုင်းအထိ နိုင်ငံတဝန်းသေဆုံးသူဦးရေသည် ၂၄၁၈ ဦးအထိ မြင့်တက်လာနေပြီး ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သည့် မြို့များစွာ ကျန်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာသည်။

မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တွင် ပြည်သူများ အများဆုံး သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း၊ နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည်လည်း နေပြည်တော်နှင့် မန္တလေးမြို့ပေါ်ရှိ နေရာတချို့တွင်သာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်သော အခြား မြို့များစွာ ကျန်ရှိနေသည်ဟု သိရသည်။

လျှပ်စစ်မီး၊ အင်တာနက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက် ကြုံတွေ့နေရပြီး ဧပြီလ ပထမပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းကြောင့် မိုးရွာသွန်းနိုင်၍ ငလျင်ဘေးသင့်ပြည်သူများ ယာယီနေထိုင်ရန် နေရာများ အခက်အခဲ ပိုမို ကြုံတွေ့ရနိုင်သည်ဟု NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုသည်။

ငလျင်ဘေးဒဏ်သင့် ပြည်သူများသည် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ယာယီတဲ့နှင့် မိုးကားများ၊ မြေခင်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ၊ ရေသန့်ဆေးပြားနှင့် ဆေးမှုန့်များ၊ စက်သုံးဆီ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်များ၊ အိမ်ထောင်စုအလိုက် ထောက်ပံ့နိုင်သော Kit များ၊ ဂတ်စ်မီးဖိုများ၊ ဆိုလာမီးအိမ်များ လိုအပ်သည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

စစ်ကောင်စီ ထုတ်ပြန်ချက်တွင် နိုင်ငံတဝန်းသေဆုံးသူ ၂၀၅၆ ဦး ရှိလာပြီး ဒဏ်ရာရသူ ၃၉၀၀ ကျော်နှင့် ၁၇၀ နီးပါးမှာ ပျောက်ဆုံးနေသည်ဟု မတ်လ ၃၁ ရက် နေ့လည် ၁၂ နာရီအထိ ကောက်ယူထားသော စာရင်းအရ ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.