Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး
ဓာတ်ပုံ - Salai Har Ling

မင်းတပ်မြို့အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ ဓမ္မဆရာ ၁ ဦးအပါအဝင် ၆ ဦးသေဆုံး

0
By Editor on April 10, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီး၊ ဖွီကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးနှင့် ဓမ္မဆရာ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးကြောင်း မင်းတပ် ဒေသခံများက ပြောသည်။

ဧပြီလ ၉ ရက် ၈ နာရီ ၄၄ မီနစ်ခန့်တွင် တိုက်နယ် ၄၊ ဖွီကျေးရွာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြု၍ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ၉ နာရီထိုးခါးနီးတွင် ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ် ပေါင် ၅၀၀ ဗုံးကို ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့ညက မင်းတပ်မြို့အနီး ဖွီကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲလို့ မိသားစု(၅) ယောက်စလုံးနဲ့ ဘာသာရေးဆရာတော်တပါး သေသွားတယ်။ အဲဒီက ရွာသားတွေထဲ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ် ကြားတယ်” ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။

သေဆုံးသူများတွင် မိသားစု တစ်စုမှ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးသွားပြီး ဓမ္မအမှုတော်ဆောင် ပါစတာဖြစ်သူ Se Thang လည်း သေဆုံးခဲ့ကြောင်း၊ ဒေသခံရွာသား ၇ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် AG ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၁၂ နာရီခန့်ကလည်း တီးတိန်မြို့နယ်၊ ဆိုင်းဇန် (Saizang) ကျေးရွာကို တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ဒေသခံပြည်သူစစ်ဘေးရှောင်များကို မင်းတပ်မြို့ပေါ်မှာ ပြန်လည်နေရာချ ထားနိုင်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် CDF – မင်းတပ်က ဆောင်ရွက်နေကြောင်း သိရသည်။

မင်းတပ်မြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က အပြီးသတ်သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်ဒေသအဖြစ် ကြေညာထားသော်လည်း စစ်ကောင်စီသည် မတ်လ အစပိုင်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.