Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေး- ဂန့်ဂေါကြား စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ၂၀ ကျော် ကျဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

ကလေး- ဂန့်ဂေါကြား စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ၂၀ ကျော် ကျဆုံး၊ ၇၀ ကျော် ဒဏ်ရာရ

0
By Editor on April 21, 2025 Headline

ယင်းဒေသက ချင်းတောင်အတွက် စစ်ရေးနှင့် နိုင်ငံရေးဗျူဟာအရ အင်မတန် အရေးကြီးနေရာဟုဆို

(006SV)

ချင်းအင်အားစုများအတွက် စစ်ရေးနှင့် နိုင်ငံရေးအရ အရေးကြီးသော ဗျူဟာလမ်းကြောင်းပေါ်မှာ ရှိသည့် ကလေး- ဂန့်ဂေါကြား စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်မှ ၂၀ ဦးကျော် ကျဆုံးပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိသည်။

စစ်ကိုင်းတိုင်း ၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ ဖြစ်သည့် ကန်းပါးနီးစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ၊ အနောက်အောင်သာယာ၊ ကြံသာရွာ စခန်းသိမ်း တိုက်ပွဲများနှင့်ပတ်သက်၍ ယနေ့ ဧပြီလ ၂၁ ရက်က CNF/ CNA ၊ CDF – KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ CDF – KKG ဥက္ကဌ ဆလိုင်းဇာဘွေထောင်က ပြောသည်။

“၂လကြာမြင့်တဲ့ စခန်း ၅ ခု စစ်ဆင်ရေးစခန်းသိမ်းတိုက်ပွဲတွေမှာ CDF – KKG အပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် ၂၀ ဦး ကျော် ကျဆုံးခဲ့ပါတယ်။ အဲဒီ ၂၀ ကျော်မှာက CDF – KKG က ၁၁ ဦးရှိခဲ့ပါတယ်။ ဒဏ်ရာရ ရဲဘော်ဆိုရင် အကြီးရော၊ အသေးအမွှာရော အကုန်လုံးက ၇၀ ကျော် ရှိခဲ့ပါတယ်။ ကလေးနယ်တောင်ပိုင်းမှာဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်” ဟု ဆလိုင်းဇာဘွေထောင်က ပြောသည်။

ကလေး- ဂန့်ဂေါကြားက ကျန်ရှိသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာများကို မကြာမီ ဆက်လက်ပြီး တိုက် ခိုက်သွားမည်ဖြစ်ကြောင်း၊ ကလေး – ဂန့်ဂေါလမ်းကြောင်းကို မိုးရာသီ မတိုင်မှီ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်ဟု ဆိုသည်။

CDF – KKG Major Operation အဖြစ် ဖော်ဆောင်သည့် ကလေး- ဂန့်ဂေါတကြောသည် ချင်းတောင်ကို စစ်ရေးနှင့် နိုင်ငံရေး ဗျူဟာအရ အင်မတန် အရေးကြီးသော နေရာဖြစ်သောကြောင့် ပထမအဆင့် စစ်ဆင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“အခုစစ်ဆင်ရေး လုပ်တဲ့နေရာမှာ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အင်မတန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာ ရှိတယ်။ အားလုံးသိတဲ့အတိုင်း ကျနော်တို့ သက်သေ အထောက်အထားတွေနဲ့ပြောရရင်တော့ မနှစ်က ကျနော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေ အရှင်လတ်လတ်နဲ့ မီးရှို့သတ်ဖြတ်ခဲ့တဲ့နေရာ ၊ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးပြီးတော့ စစ်ဘေးရှောင်ဘဝနဲ့ နေ့စဉ်ကျီးလန့်ဆန်စားဘဝနဲ့ နေနေရတဲ့ အဲဒီဒေသက ပြည်သူလူထုတွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေး နဲ့ အသက်မွေးဝမ်းကြောင်းကို လွတ်လပ်စွာလုပ်နိုင်ရေးနဲ့ အဲဒီလမ်းကြောင်းပေါ်မှာရှိတဲ့ ကုန်စည် ကူးသန်းမှု ဘေးကင်းလုံခြုံရေး၊ အဲဒီဒေသက နိုင်ငံရေးအရ စစ်ကောင်စီက ဒီဇင်ဘာလမှာ အကောင်ထည်ဖော်မဲ့ ရွေးကောက် ပွဲအတွက် အဲဒီမှာလုပ်နိုင်ဖို့ အားကောင်းတဲ့ နေရာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသကို ကျနော်တို့က စစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ယင်းဒေသသည် ပြည်သူ သုံးသောင်းကျော် နေထိုင်ပြီး လယ်ဧကပေါင်း တသောင်းကျော်ရှိကာ ကုန်စည်ကူးသန်းမှုအရလည်း အရေးကြီးသော နေရာဖြစ်ကြောင်း စစ်ကောင်စီ၏ ပျူစောထီး ၁၀၀၀ ခန့် အင်အားရှိသော ဒေသလည်း ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ ၂လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက် ၅၀ ကျော်အပါအဝင် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဆေးရုံး၊ စာသင်ကျောင်း ၊ သာသနိက အဆောက်အဦးနှင့် လူနေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးပြီး ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံပြည်သူ ၂၀၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

CDF – KKG Major Operation ကို CNA မှ ဦးဆောင်စစ်ရေးကွပ်ကဲပြီး ချင်းတောင်ပေါ်နှင့် မြေပြန့်က တော်လှန်ရေး အင်အားစု ၁၂ ဖွဲ့ခန့်က ပူးပေါင်းဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.