Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အရေး ဆန့်ကျင်ရန် မီဇိုရမ်ဝန်ကြီးချုပ်ထံ ZORO တင်ပြ

FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အရေး ဆန့်ကျင်ရန် မီဇိုရမ်ဝန်ကြီးချုပ်ထံ ZORO တင်ပြ

0
By Editor on April 25, 2025 Headline

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ထံ Zo Reunification Organization (ZORO) တောင်းဆိုလိုက်သည်။

ZORO ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ ရုံးခန်း၌ ယနေ့ဧပြီလ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး FMR နှင့် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ် လက်မခံရန် တင်ပြခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုလည်း နဂိုပုံစံအတိုင်းပြန်ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် နှင့် မိမိတို့ နယ်မြေ နှင့်လူမျိုး အတွက် အဆုံးတိုင် ဆန့်ကျင်လက်တွဲသွားကြရန် မီဇိုရမ်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။

မီဇိုရမ်ဝန်ကြီးချုပ်ကလည်း FMR စနစ်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ပြည်နယ်အစိုးရအနေဖြင့် မလိုလားသည့်အတွက် ကန့်ကွက်ထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ZORO ၏ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီမည်ဟု ပြောဆိုသွားကြောင်း ZORO ထုတ်ပြန်ချက်တွင်ပြထားသည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO သည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင် မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် နှင့် နှစ်နိုင်ငံကြားလွတ်လပ်စွာသွားလာခွင့် FMR စနစ် ဖျက်သိမ်းသည့်အပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်သည့်အဖွဲ့ဖြစ်ပြီး အဆုံးတိုင် ဆက်လက်ဆန့်ကျင်သွားမည်ဟု ဧပြီလ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ သော ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်း ( CYMA ) ၊ မီဇိုးကျောင်းသား များအသင်း ( MZP ) ၊ Zo Reunification Organization – ZORO ၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နဲ့ မီဇိုးကျောင်းသားများသမဂ္ဂ (MSU) မှတာဝန်ရှိသူ များကို နယူးဒေလီမြို့သို့ ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန် နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုးမလုပ်ကြရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.