Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အရေး ဆန့်ကျင်ရန် မီဇိုရမ်ဝန်ကြီးချုပ်ထံ ZORO တင်ပြ

FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အရေး ဆန့်ကျင်ရန် မီဇိုရမ်ဝန်ကြီးချုပ်ထံ ZORO တင်ပြ

0
By Editor on April 25, 2025 Headline

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံနယ်စပ်အကြား လွတ်လပ်စွာသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ဆန့်ကျင်ရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ထံ Zo Reunification Organization (ZORO) တောင်းဆိုလိုက်သည်။

ZORO ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ ရုံးခန်း၌ ယနေ့ဧပြီလ ၂၅ ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး FMR နှင့် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ် လက်မခံရန် တင်ပြခဲ့ကြသည်ဟု သိရသည်။

အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် FMR စနစ်ကိုလည်း နဂိုပုံစံအတိုင်းပြန်ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် နှင့် မိမိတို့ နယ်မြေ နှင့်လူမျိုး အတွက် အဆုံးတိုင် ဆန့်ကျင်လက်တွဲသွားကြရန် မီဇိုရမ်ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ကြသည်။

မီဇိုရမ်ဝန်ကြီးချုပ်ကလည်း FMR စနစ်ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ပြည်နယ်အစိုးရအနေဖြင့် မလိုလားသည့်အတွက် ကန့်ကွက်ထားကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ZORO ၏ဆောင်ရွက်ချက်များကို ပံ့ပိုးကူညီမည်ဟု ပြောဆိုသွားကြောင်း ZORO ထုတ်ပြန်ချက်တွင်ပြထားသည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO သည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီးအနွယ်ဝင် မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်ပေါင်း စည်းနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် နှင့် နှစ်နိုင်ငံကြားလွတ်လပ်စွာသွားလာခွင့် FMR စနစ် ဖျက်သိမ်းသည့်အပေါ်မှာလည်း အပြင်းအထန်ကန့်ကွက်သည့်အဖွဲ့ဖြစ်ပြီး အဆုံးတိုင် ဆက်လက်ဆန့်ကျင်သွားမည်ဟု ဧပြီလ ၂၂ ရက်နေ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယဗဟိုအစိုးရသည် ပြီးခဲ့သည့်ဧပြီလ ၁၅ ရက်နေ့က မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြ သော ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်း ( CYMA ) ၊ မီဇိုးကျောင်းသား များအသင်း ( MZP ) ၊ Zo Reunification Organization – ZORO ၊ Mizo Hmeichhe Insuihkhawm Pawl – MHIP နဲ့ မီဇိုးကျောင်းသားများသမဂ္ဂ (MSU) မှတာဝန်ရှိသူ များကို နယူးဒေလီမြို့သို့ ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့် အစီစဉ်ကို လက်ခံပေးကြရန် နှင့် ဆန့်ကျင်ကန့်ကွက်ခြင်းမျိုးမလုပ်ကြရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.