Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မုဒိမ်းမှုကျူးလွန်သော ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ရန် GKYA တောင်းဆို

မုဒိမ်းမှုကျူးလွန်သော ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ရန် GKYA တောင်းဆို

0
By Editor on April 28, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ချင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော ULA/ AA တပ်ဖွဲ့ဝင် ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပွင့်လင်းမြင်သာစွာ တရားစွဲ အရေးယူ အပြစ်ပေးရန် နိုင်ငံတကာ ခူမီးလူငယ်များ အသင်း (GKYA) က တောင်းဆိုသည်။

အာရက္ခတပ်တော် ULA/ AA အနေဖြင့် တပ်ဖွဲ့ဝင် ၂ ဦး ကျူးလွန်သော အမှုကို အပြစ်ပေး အရေးယူနိုင်ရေးနှင့် ပတ်သက်၍ အချက် ၅ ချက်ကို နိုင်ငံတကာ ခူမီးလူငယ်များအသင်း (GKYA) က ဧပြီလ ၂၇ ရက် ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခြင်းဖြစ်သည်။

အမှုကို လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်သူများ၏ အမည်ကို ဖော်ထုတ်၍ ပြည်တွင်း၊ နိုင်ငံတကာ ဥပဒေများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ တရားစွဲအရေးယူ အပြစ်ပေးရန် GKYA အဖွဲ့က တောင်းဆိုသည်။

ကျူးလွန်ခံရသူအတွက် လိုအပ်သော စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေ အကာအကွယ် နှင့် အခြားလိုအပ်သော အကူအညီများ ပံ့ပို့ဆောင်ရွက်ရန်၊ ULA/ AA အနေဖြင့် ဒေသခံပြည်သူများ၏ လုံခြုံမှုနှင့် ပတ်သက်၍ နောက် နောင်တွင် ကျူးလွန်မှု မရှိစေရေး ဆောင်ရွက်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

ကျူးလွန်ခံရသူ အမျိုးသမီး၏ တရားမျှတမှု ရရှိရေးတွင် လူ့အခွင့်အ‌ရေးနှင့် အမျိုးသမီးရေး တက်ကြွလှုပ်ရှားသော လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အစုအဖွဲ့များအနေဖြင့် ဝိုင်းဝန်းကူညီရန် GKYA က တိုက်တွန်းသည်။

ဧပြီလ ၅ ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာအနီးတွင် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးသည် ဒေသခံ ချင်းအမျိုးသမီး တဦးကို မုဒိမ်းမှု ကျူးလွန်ပြီးနောက် ရေနစ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖြစ်ပွားသော နေ့ကပင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက် နေကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.