Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၄ နှစ်တာ တော်လှန်ရေးအတွင်း CDF ပလက်ဝ ရဲဘော် ၈ ဦး ကျဆုံး၊ ၁၇ ဦး ဒဏ်ရာရ

၄ နှစ်တာ တော်လှန်ရေးအတွင်း CDF ပလက်ဝ ရဲဘော် ၈ ဦး ကျဆုံး၊ ၁၇ ဦး ဒဏ်ရာရ

0
By Editor on April 30, 2025 Headline

ULA/AA နှင့် CDF – ပလက်ဝကြား အလုပ်သဘော ဆက်ဆံရေး တည်ဆောက်ထားဟု ဆို

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – ပလက်ဝသည် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၈ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်က CDF – ပလက်ဝတပ်ဖွဲ့၏ ၄ နှစ်ပြည့် တပ်ဖွဲ့တည်ထောင်ခြင်း အခမ်းအနားကို လွတ်မြောက်နယ်မြေ တနေရာတွင် ကျင်းပခဲ့သည်။

“ကျဆုံးတဲ့ ရဲဘော်က ၈ ဦးလောက် ရှိတယ်။ ဒဏ်ရာ ရတာ၊ ကိုယ်အင်္ဂါစွန့်လွတ်ရတာတွေလည်း ပါတယ်။ ၁၇ ဦး ဝန်းကျင်လောက် ရှိပါတယ်။ စခန်းတွေ၊ မြို့သိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲပေါင်းက ၃၀ ကျော် ဆင်နွှဲခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေ မပါဝင် တဲ့အခါမှာ ချင်းပြည်နယ်က အိမ်နီးနားချင်းက ချင်းတပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီးမှ စကစကို တိုက်ခိုက်ခဲ့တာ ရှိသလို၊ တခြား မဟာမိတ်တွေနဲ့လည်း စကစကို ပစ်ခတ်ခဲ့တာတွေ ရှိခဲ့တယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ပြောသည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း မတူပီမြို့နယ်ထဲက စစ်ဆင်ရေးများ၊ တွန်းဇန်၊ ကျီခါး စခန်းသိမ်းတိုက်ပွဲများ၊ ထန်တလန် စခန်းသိမ်းတိုက်ပွဲအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲပေါင်း ၃၀ ကျော် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

CDF – ပလက်ဝ တပ်ဖွဲ့ကို စစ်ဦးစီးချုပ် ကွပ်ကဲမှုအဖြစ် ပြင်ဆင်ဖွဲ့စည်းထားပြီး တပ်ရင်း ၄ ရင်း၊ စစ်ရေးကဏ္ဍဖြစ်သည့် ဦးရေထောက်ပြုလုပ်ရန်အပါအဝင် ဌာန ၆ ခုဖြင့် ဖွဲ့စည်းထားသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပလက်ဝမြို့၊ ဆမီးမြို့အပါအဝင် ဒေသအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် ULA/ AA နှင့်လည်း အလုပ်သဘော ဆက်ဆံရေးကို ကောင်းမွန်စွာ တည်ဆောက်ထားသည်ဟု သိရသည်။

“(AA)သူတို့နဲ့က ကျနော်တို့က တင်းမာတဲ့ အခြေအနေမှာတော့ မရှိပါဘူး။ ဒါပေမယ့် မဟာမိတ်အဆင့် အထိလည်း မဟုတ်ဘူး။ နှစ်ဦး နှစ်ဖက် အပြန်အလှန် အလုပ်လုပ်လို့ ရအောင် တည်ဆောက်ထားတဲ့ ဆက်ဆံရေး တခုတော့ ရှိပါတယ်။ ကျနော်တို့ပြည်သူ တွေရဲ့ အကျိုးကို ရှေ့ရှုပြီးတော့ ပလက်ဝကို ရေရှည်အတွက်ရော၊ လက်ရှိအဆင်ပြေဖို့ အတွက်ရော နှစ်ဦးနှစ်ဖက်၊ အပြန်အလှန် လေးစားမှုနဲ့ အလုပ်လုပ်နေပါတယ်။ အဲလိုမျိုး ဆက်ဆံရေးက ကျနော်တို့ဆီမှာ ရှိပါတယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ် Salai Jashua က ပြောသည်။

ချင်းပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံးအနေဖြင့် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးအတွက် စခန်းသိမ်း တိုက်ပွဲများတွင် CDF – ပလက်ဝသည် တတ်နိုင်သည့် ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် သိရသည်။

CDF ပလက်ဝ တပ်အင်အား တည်ဆောက်နိုင်ရေးအတွက်လည်း ရန်ပုံငွေ ကမ်ပိန်းတခုကို လက်ရှိကာလတွင် ပြုလုပ်နေပြီး ပြည်တွင်းပြည်ပ ပြည်သူများ ကူညီထောက်ပံ့ပေးကြရန်လည်း CDF – Paletwa စစ်ဦးစီးချုပ်က မေတ္တာရပ်ခံသည်။

“ကမ်ပိန်း လုပ်ရခြင်းက အင်အားတည်ဆောက်ဖို့ဖြစ်ပါတယ်။ အင်အားတည်ဆောက်တယ်ဆိုတာ ကျနော်တို့အတွက်ပဲ မဟုတ်ဘူး။ ချင်းပြည် တပြည်နယ်လုံးကနေ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းပြီးမှ စစ်အာဏာ ရှင်စနစ်ကို တိုက်ထုတ်ရမှာ ဖြစ်လို့ ကိုယ့်အဖွဲ့အစည်းက အင်အားရှိမှ အဲဒီအရာကို လုပ်ဆောင်နိုင်မှာမို့ ပြည်သူတွေအနေနဲ့လည်း ပလက်ဝက လွတ်မြောက်ဧရိယာ ဖြစ်ပါတယ်ဆိုပြီးမှ ဒီ့အတိုင်း ထားတာ မဟုတ်ပဲနဲ့ ကျနော်တို့ကလည်း အာဏာရှင်စနစ် လွတ်မြောက်ရေး တထောင့်တနေရာကနေ အုပ်တချုပ်၊ သဲတပွင့်အနေနဲ့ ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်မှာမို့ ပံ့ပိုကူညီပေးဖို့ တောင်းဆိုလိုပါတယ်” ဟု CDF – Paletwa စစ်ဦးစီးချုပ်က ပြောသည်။

CDF – ပလက်ဝသည် ကျပ်သိန်း ၅၀၀၀ ကမ်းပိန်းကို ပြုလုပ်နေပြီး ကမ်ပိန်းကာလ ရက်ပြည့်ရန် ၁၅ ရက်သာ လိုအပ်ချိန်တွင် ၁၉.၈ ရာခိုင်နှုန်းသာ ရရှိထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.