Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် လူငယ်အများအပြားတိမ်းရှောင်

CDF-Tonzang က စစ်သင်တန်းခေါ်ယူသည့်အတွက် လူငယ်အများအပြားတိမ်းရှောင်

0
By Editor on May 14, 2025 Headline

(004SS)

ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်တွင် CDF-Tonzang က စစ်သင်သန်းတက်ရောက်ရန် အိမ်တိုင်ရာရောက် အတင်းအဓ္မ ခေါ်ယူနေသည့်အတွက် စစ်သင်တန်းမတက်လိုသော လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

တွန်းဇန်မြို့နယ်တွင် CDF-Tonzang နှင့် ZRA တို့ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အသက် ၁၈ နှစ်အထက် အမျိုးသားများကို မဖြစ်မနေ တစ်အိမ်တစ်ယောက်နှုန်းဖြင့် အခြေခံစစ်သင်တန်း တက်ရောက်ခိုင်းခြင်းဖြစ်သည်ဟု တွန်းဇန်မြို့ဒေသခံတစ်ဦးကပြောသည်။

“CDF-Tonzang က တွန်ဇံမြို့ပေါ်နဲ့ အနီးက ရွာတွေပေါ့၊ သူတို့ ထိန်းချုပ်တဲ့ဒေသက သူတို့တက်သင့်တယ်ထင်တဲ့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ အတင်းခေါ်ယူနေတယ်။ သူတို့အိမ်အထိသွားပြီးတော့ ခေါ်နေတာပါ။ သူတို့ပြောတာ တော့ ၁၈ နှစ်ပြည့်ပြီးသားသူတွေလို့ပြောတယ် ဒါပေမဲ့ ပြည့်ပြီးသားလူတွေရှိသလို မပြည့်သေးတဲ့သူတွေလဲ ပါတယ်။ အခုထိတော့ အမျိုးသားတွေကိုပဲခေါ်တာပါ။ အမျိုးသမီးတွေ မပါပါဘူး။ လက်ရှိသူတို့က လက်နက်ကိုင်ဆိုတော့ ပြည်သူ တွေက ဘာမှတော့ မပြောကြပေမဲ့ လူငယ်တွေ အများစုကတော့ သူတို့နဲ့ ဝေးရာကို တိမ်းရှောင်နေကြတယ်။ ပုံမှန်ခေါ်တာ ကတော့ ဧပြီလမှာ အခုလို အတင်းခေါ်တာကတော့ ပြီးခဲ့တဲ့အပါတ်ကစပြီးခေါ်တာပါ” ဟု ၎င်းကပြောသည်။

CDF-Tonzang က ပြီးခဲ့သည့် ဧပြီလမှာ အခြေခံစစ်သင်တန်းအပတ်စဉ် ၁ ကို ခေါ်ယူကာ လူငယ်အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့ကြပြီး ယခုအခါ အပတ်စဉ် ၂ အတွက် ပြန်လည်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

“လူငယ်တွေ သူတို့ရဲ့ ဆုံးဖြတ်ချက်နဲ့သူတို့ လက်နက်ကိုင်ဖို့ ဝင်လာတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခုလို အတင်း အဓမ္မ‌ စစ်သားစုဆောင်းတာကျတော့ စကစရဲ့လမ်းစဉ်အတိုင်း လိုက်ပြီး ကျင်းသုံးနေသလိုဖြစ်နေတော့ ရှေ့ဆက် ပြည်သူ တွေအတွက် စိုးရိမ်စရာဖြစ်ပါတယ်” တွန်းဇန်မြို့ဒေသခံက ပြောသည်။

တွန်းဇန်မြို့နယ်ကို ZRA တပ်ဖွဲ့က မကြာခဏဝင်ရောက်တိုက်လာလာသည့်အပြင် ကျေးရွာများလည်း မီးရှိုဖျက်ဆီးမှုများပြု လုပ်လာသောကြောင့် ရပ်ရွာလုံခြုံရေးအတွက် အခြေခံစစ်သင်တန်းများတက်ရောက်ရန် ခေါ်ယူခြင်းဖြစ်သည်ဟု CDF-Tonzang စစ်ဦးစီးချုပ်က ချင်းမီဒီယာတချို့ထံပြောဆိုထားသည်။

အခြေခံစစ်သင်တန်းပြီးမြောက်သူ လူလွတ်များအနေဖြင့် CDF-Tonzang နှင့် Chinland Council တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်နိုင်ကြောင်း၊ အိမ်ထောင်သည်များအနေဖြင့် ရပ်ရွာ ပြည်သူ့လုံခြုံရေးကို တာဝန်ယူရန်စီစဉ်ထားကြောင်းလည်း CDF-Tonzang စစ်ဦးစီးချုပ်က ပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.