Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ
ပုံစာ - မေလ ၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှု

မင်းတပ်မြို့နယ်ထဲ စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

0
By Editor on May 15, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု မင်းတပ်ဒေသခံထံမှ သိရသည်။

ယနေ့ မေလ ၁၅ ရက် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် -၁ ထဲက ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့သက်သက်ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“အမှတ် ၁ ဘက်မှာ ရှိတဲ့ ရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးသူက ၃ ဦး၊ ၁၀ ဝန်းကျင်း ထိခိုက်ဒဏ်ရာရရှိတယ်။ လောလောဆယ်က အကုန်အတည်မပြုနိုင်သေးတော့ အသေးစိတ်ဖြေဖို့ အဆင်မပြေသေးပါဘူး” ဟု မင်းတပ်ဒေသခံက ပြောသည်။

သေဆုံးသူများမှာ ၆ တန်အရွယ် ကလေးငယ် ၁ ဦး၊ ကလေး၏ အမေဖြစ်သည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနှင့် လူငယ်အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။

ဗုံးဒဏ်ကြောင့် လူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး တချို့အိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မေလ ၉ ရက်ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ အစိုးရ အဆောက် အဦးနှင့် ပြည်သူနေအိမ် စုစုပေါင်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု မင်းတပ်မြို့ ပအဖက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အပစ်ရပ်ထပ်မံ သက်တမ်းတိုးထားသော်လည်း မေလ ၆ ရက်မှ ၁၅ ရက်အတွင်း ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တို့ကို နေ့စဉ်နီးပါးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.