Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရေကြီးရေလျှံမှုကြောင့် မီဇိုရမ်က ပလက်ဝ စစ်ဘေးရှောင် နေအိမ် ၉၀ ခန့် လုံးဝပျက်စီး

ရေကြီးရေလျှံမှုကြောင့် မီဇိုရမ်က ပလက်ဝ စစ်ဘေးရှောင် နေအိမ် ၉၀ ခန့် လုံးဝပျက်စီး

0
By Editor on June 2, 2025 Headline

ရေဘေးသင့် ပြည်သူ ၆၇၀ ခန့်မှာ အကူအညီလိုအပ်နေ

(006SV)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ၏ နေအိမ် ၉၀ နီးပါး လုံးဝပျက်စီးကာ ရေဘေးသင့် ပြည်သူ ၆၇၀ ခန့် အရေးပေါ်အကူအညီများ လိုအပ်နေသည်။

လောင်တလိုင်ခရိုင်၊ တွီဒင်းနှင့် ကာကီကျေးရွာတို့တွင် မေလ ၃၁ ရက်မှ စတင်၍ မိုးသည်ထန်စွာ ရွာပြီး မြစ်ရေကြီးသောကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များ၊ အိမ်သာများ ရေမြှပ်၊ မျှောပါ၊ ထိခိုက်ပျက်စီးမှုများရှိနေသည်ဟု ပလက်ဝ လူသားချင်းစာနာကူညီရေးဌာနမှ သိရသည်။

“လက်ရှိအခြေအနေမှာက ကျောင်းဆောင်တွေ၊ ခန်းမဆောင်တွေ၊ လူနေအိမ်တွေမှာ ရွေ့ပြောင်းပြီး အဆင်ပြေသလို နေထိုင်နေရတယ်။ တချို့က ကိုယ့်ဟာကို ဆောက်ပြီး နေရတဲ့ လူတွေလည်း ရှိတယ်။ အရေးပေါ် လိုအပ်တာက အခြေခံစားနပ်ရိက္ခာပါပဲ။ သူတို့အတွက် တော်တော် လိုအပ်တယ်လို့ ပြောတယ်။ ဘာကြောင့်လဲဆို စစ်ဘေးရှောင် တွေက နေ့စား လုပ်ပြီးမှ နေ့စဉ်ဘဝကို ဖြေရှင်းနေရချိန်မှာ မိုးရွာရေကြီးလိုက်တော့ အလုပ်ကလည်း မရှိသလို ၊ တဖက်မှာ ရေဘေးသင့်မှုကို ကြုံရတော့ စားဝတ်နေရေးက အဆင်မပြေဘူးပေါ့နော်။ ကျန်းမာရေးစောင့်ရှောက်မှု အတွက်လည်း ဆေးဝါးတွေ လိုအပ်ပါတယ်” ဟု ပလက်ဝ ကောင်စီ၏ ကယ်ဆယ်ရေးဌာန တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။

တွီဒင်းရွာက စစ်ရှောင်စခန်းတွင် အိမ်ခြေ ၂၇၀ ရှိရာ အိမ်ခြေ ၁၈ လုံးမှာ လုံးဝပျက်စီးသွားပြီး အိမ်ခြေ ၄၅ လုံးမှာ အနည်းငယ် ထိခိုပျက်စီးကြောင်း၊ အိမ်သာ ၇၅ လုံးမှာလည်း လုံးဝပျက်စီးသွားပြီး ရေဘေးသင့် ပြည်သူ ၃၇၈ ဦး ရှိသည်ဟု သိရသည်။

ကာကီရွာက စစ်ရှောင်စခန်းတွင် အိမ်ခြေ ၁၄၁ လုံးရှိရာ အိမ်ခြေ ၆၉ လုံးမှာ လုံးဝပျက်စီးသွားပြီး အိမ်သာ ၃၅ လုံးမှာ လုံးဝပျက်စီးသွားကြောင်း၊ ရေဘေးသင့် ပြည်သူ ၂၉၁ ဦး ရှိသည်ဟု သိရသည်။

ရေကြီးရေလျှံမှုကြောင့် သက်ကြီးရွယ်အို၊ ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း လက်ရှိမှာ ကျောင်းဆောင်၊ ခန်းမဆောင်၊ လူနေအိမ်တို့တွင် ယာယီရွှေ့ပြောင်းနေထိုင်ကြရသည်။

အဆက်မပြတ်မိုးရွာသွန်းမှုအတွင်း ရွှေ့ပြောင်းနေထိုင်မှုကြောင့် စစ်ဘေးရှောင်ပြည်သူတချို့ ဖျားနာမှုများ ရှိလာပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသည်ဟု သိရသည်။

ယင်းဒေသတွင် ယမန်နေ့က ရေကြီးရေလျှံနေမှုမှ ရေကျသွားသော်လည်း ယနေ့တွင် မိုးဆက်လက်ရွာနေမှုကြောင့် ရေပြန်တက်လာကြောင်း သိရသည်။

“မနေ့က ရေက ကျသွားပြီ။ ဒါပေမယ့် မိုးက အဆက်မပြတ်ရွာတဲ့အခါကြတော့ ပြန်ပြီးတော့ တိုးလာတယ်လို့ ပြောတယ်။ မနေ့က ရေတက်ပြီးတော့ ပြန်ကျသွားတာက အဲတက်တဲ့နေရာအထိ ပြန်တိုးလာပြီး ပြောတယ်။ ၅ ပေဝန်းကျင်ပဲ လိုတော့တယ်ပြောတယ်။ မိုးကလည်း အဆက်မပြတ် ရွာနေတော့ ဘယ်လောက်အတိုင်းအတာအထိ ကြီးမယ်လည်းဆိုတာ ခန့်မှန်းရခက်တယ်” ဟု ပလက်ဝ ကောင်စီ၏ ကယ်ဆယ်ရေးဌာန တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။

စစ်ဘေးရှောင်စခန်းများ ပြန်လည် တည်ဆောက်ရန် အမိုးအကာပစ္စည်းများ လိုအပ်နေပြီး စစ်ဘေးရှောင် နေအိမ် ၁ လုံးမှာ ရူပီ ၃၀၀၀၀ ခန့်ကုန်ကျနိုင်သည်ဟု သိရသည်။

လက်ရှိတွင် မည်သည့် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ မရောက်ရှိသေးသောကြောင့် အကူအညီများ လိုအပ်နေကြောင်း၊ ပြည်တွင်း/ပြည်ပမှ အဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် နှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မရာလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ပြည်သူများကို ချင်းပြည် (Chinland) အစိုးရက ငွေကြေးထောက်ပံ့

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကလေးမြို့တွင် စစ်မှုထမ်းရန် နေအိမ်ထဲထိ ညအချိန် ဝင်ရောက်ဖမ်းဆီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.