Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

0
By Editor on June 19, 2025 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်းရှိ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (ULA/AA) က ရခိုင်ပြည်နယ်၏ ၈ ခုမြောက်ခရိုင်အဖြစ် ဖွဲ့စည်းထည့်သွင်းမှုကို Global Khumi Organization (GKO) က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်သည်။

ULA/AA သည် ရခိုင်ပြည်နယ်အား ခရိုင် ၈ ခုဖြင့် ပြန်လည်ဖွဲ့စည်းရာတွင် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင် တစ်ခုအဖြစ် ထည့်သွင်းခဲ့သည်ဟု ရခိုင်အခြေစိုက် Narinjara သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့က ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ Global Khumi Organization (GKO) က ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ဒေသခံချင်းတိုင်းရင်းသားများ၏ သဘောထားမပါဘဲ ပလက်ဝခရိုင်ကို ရခိုင်ပြည်ထဲသို့ ထည့်သွင်းခြင်းသည် ဒေသခံ ခူမီး(ချင်း) ပြည်သူများနှင့် ချင်းတစ်မျိုးသားလုံးကို စော်ကားခြင်းဖြစ်သောကြောင့် ULA/AA ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုပ်ချကြောင်း Global Khumi Organization – GKO က ဖော်ပြထားသည်။

ပလက်ဝခရိုင်သည် ၁၈၇၆ ခုနှစ်၊ အင်္ဂလိပ်လက်အောက်ကျရောက်စဉ်က ရခိုင်မြောက်ပိုင်း တောင်တန်းခရိုင်ဟု သတ်မှတ်ခဲ့ သော်လည်း ခူမီးလူမျိုးများက သီးခြားလွပ်လပ်စွာ အုပ်ချုပ်ခဲ့သောနယ်မြေဖြစ်သည်ဟု သိရသည်။ ပလက်ဝခရခိုင်သည် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုထဲက တစ်ခုဖြစ်သည်။

ပလက်ဝ၏ တည်ရှိမှုသည် ခူမီးလူမျိုးတို့၏ ဖြစ်တည်မှုနှင့် တစ်ထပ်တည်းဖြစ်ကာ ဝိသေသလက္ခဏာ၊ လူမျိုးဖြစ်တည်မှုနှင့် ခွဲခြား၍မရနိုင်သော ဘိုးဘွားပိုင်နယ်မြေဖြစ်ပြီး ခူမီး(ချင်း) လူမျိုးများ၏ မြင့်မြတ်ပြီး အစားထိုးမရသော မွေးရပ်မြေဖြစ် သည်ဟု GKOက ဆိုသည်။

ထို့ကြောင့် ပလက်ဝအား ULA/AA ၏ တရားမဝင်သိမ်းယူရန် ကြိုးစားအပေါ် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ချင်းပြည်အစိုးရနှင့် အခြားသက်ဆိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန် Khumi Organization – GKO က အလေးအနက်ထား တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

ပလက်ဝသည် ချင်းပြည်ဆိုသည်ကို ချင်းညီနောင်အဖွဲ့ဝင် အားလုံးက တညီတညွတ်ထဲ လက်ခံထားဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.