(004SS)
စစ်ကိုင်းတိုင်း ကလေးမြို့၊ အ.ထ.က (၈) ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၄ နှစ်မှ ၂၁ နှစ်ရှိ ကျောင်းသား ၆ ဦးသည် ဇွန်လ ၁၉ ရက်နေ့ကစ၍ ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်နေ့တွင် ဦးအောင်သိုက် ၏သား မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်းမြင့်နိုင် (၁၇ နှစ်)၊ ဦးကျော်လွင်၏ သား မောင်ကျော်ဇင်ဖြိုး (၁၅ နှစ်)၊ မောင်မားဟုန် (၁၇ နှစ်) နှင့် ဦးစန်းလွင်ဦး၏သား မောင်ဇော်သူလင်း (၁၅ နှစ်) တို့သည် ကျောင်းတက်ရန်သွားခဲ့ကြသော်လည်း ကျောင်းသို့ ရောက်ရှိခြင်းမရှိသကဲ့သို့ အမ်သို့ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြ သည်ဟု သိရသည်။
ဦးငွန်အုပ်ထန်၏သား မောင်ဘွေထချွ (၁၄ နှစ်) မှာမူ ဇွန်လ ၂၀ ရက်နေ့က သူငယ်ချင်း၏ စက်ဘီးဝင်ပေးရန် ကျောင်းစောသွားမည်ဟုဆိုကာ အိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
မိသားစုဝင်များက ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ လိုက်လံရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရှိ သည့်အပြင် ယနေ့တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်းသိရသည်။
မောင်ဘွေထချွ၏ အစ်မဖြစ်သူက “ကျွန်မ မောင်လေး မောင်ဘွေထချွက အပြောနည်းပြီး အနေအေးသူလေးပါရှင့် ခုလို ပျောက်သည့်အထဲ ပါသွား တာကြောင်း အမျိုးမျိုးတွေးပြီး စိတ်ပူတယ်ရှင့် ဒီနေ့နဲ့ဆိုရင် (၆)ရက် ရှိပါပြီ ဟိုနားတွေ့တယ် ဒီနား တွေ့မိတယ်နဲ့ အကုန်လုံး ပတ်ရှာနေကြပါတယ်ရှင့်ကူညီကြပါအုံးရှင့်” ဟု လူမှုကွန်ယက်စာမျကနှာတွင် ရေးသား ဖော်ပြထားသည်။
ဖော်ပြပါ ဓါတ်ပုံတွင်ပါရှိသော ပျောက်ဆုံးသူများအား တစ်စုံတယောက် (သို့) အဖွဲ့ လိုက် တွေ့ရှိခဲ့ပါက 09 988 906 262 သို့ ဆက်သွယ် ပေးကြရန် မိသားစုဝင်များက လူမှုကွန်ယက်စာမျက်နှာတွင်လည်း ဖြန့်ဝေထားသည်။