Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေး ၄ နှစ်အတွင်း CDF – KKG ရဲဘော် ၇၀ ကျော်ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိ

တော်လှန်ရေး ၄ နှစ်အတွင်း CDF – KKG ရဲဘော် ၇၀ ကျော်ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၁၅၀ ကျော်ရှိ

0
By Editor on July 2, 2025 Headline

ကလေး- ဂန့်ဂေါကြား စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲဆက်ဖြစ်နေ

(006SV)

ကလေး- ကဘော်-ဂန့်ဂေါဒေသတွင် စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – KKG သည် စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲ ၄ နှစ်တာအတွင်းမှာ ရဲဘော် ၇၃ ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါပေးဆပ်သူနှင့် ဒဏ်ရာရှိသူ ၁၅၀ ကျော်ရှိသည်ဟု သိရသည်။

CDF – KKG ၏ ကျဆုံးရဲဘော်များတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ပြီး ဇူလိုင် ၁ ရက်တွင် ကျရောက်သည့် CDF – KKG ချင်းကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းတည်ဆောင်မှု ၄ နှစ်ပြည့်တွင် ယင်းအဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အသိပေးလာခြင်းဖြစ်သည်။

“ကျဆုံးရဲဘော် ၇၃ ယောက်အတွင်းမှာ အမျိုးသမီးရဲဘော် ၂ ယောက် ပါဝင်ပါတယ်။ ကျဆုံးရဲဘော်တွေကတော့ စစ်ကောင်စီနဲ့ တိုက်ခိုက်ရင်း ကျဆုံးတာ အများစုပါ။ ပြီးတော့ လက်နက်ခဲယမ်း မပြည့်စုံ မကောင်းမွန်မှုကြောင့် ထုတ်လုပ်တဲ့ လက်နက်တွေ၊ ခဲယမ်းတွေကြောင့် ကျတာလည်း အနည်းအပါးရှိပါတယ်။ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ရင်း ကျန်းမာရေးကြောင့် ကွယ်လွန်သူလည်း တစ်ယောက်စ နှစ်ယောက်စရှိသလို၊ ရရှိထားတဲ့ ဒဏ်ရာတွေကို ကုသနေစဉ်အတွင်း ကျဆုံးသူတွေလည်း ရှိပါတယ်” ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကိုယ်လက်အင်္ဂါဆုံးရှုံးရသော ရဲဘော်များသည် သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့များတွင် သင့်လျော်သော တာဝန်၊ ထမ်းဆောင် နိုင်သော တာဝန်များကို ထမ်းရွက်တိုက်ပွဲဝင်နေကြပြီး ယင်းရဲဘော်များသည် ခြေတု၊ လက်တုများ စသဖြင့် လိုအပ်သည့် အစိတ်အပိုင်းများကို တပ်ဆင်ထားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရ ရဲဘော်များသည်လည်း သက်ဆိုင်ရာတပ်ရင်း တပ်ဖွဲ့များတွင် သင့်လျော်သော တာဝန်များကို ထမ်းဆောင်နေကြသည်ဟု သိရသည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ပြည်သူလူထု ကာကွယ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပေးဆပ်တိုက်ပွဲဝင်ကြသော ရဲဘော်အပေါင်းကို ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်ဟု CDF – KKG က ထုတ်ပြန်သည်။

CDF – KKG အခြေပြုလုပ်ရှားရာ ဒေသဖြစ်သော ကလေး – ကဘော် – ဂန့်ဂေါဒေသတွင်သာမက အခြားသော ဒေသများတွင်လည်း တိုက်ပွဲဝင်လျက်ရှိရာ တပ်ဖွဲ့စည်းတည်ထောင်မှု ၄ နှစ်အတွင်း စုစုပေါင်းတိုက်ပွဲပေါင်း ၄၀၀ ကျော်တွင် ပါဝင်တိုက်ခိုက်ထားသည်ဟု သိရသည်။

CDF KKG ၏ Major Operation ကိုလည်း ၂၀၂၄ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကလေး – ဂန့်ဂေါကြားရှိ စစ်ကောင်စီစခန်းများကို မဟာမိတ်တပ်များနှင့် ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်ကောင်စီစခန်း ၅ ခုကို သိမ်းပိုက်ထားသည်ဟု သိရသည်။

စစ်ရေးနိုင်ငံရေးအရ အရေးပါသည့် ကလေး – ဂန့်ဂေါကြားက ယင်းစခန်းများကို လက်လွှတ်ထားရသည့် စစ်ကောင်စီသည် ယင်းစခန်းများကို ပြန်လည်းထိန်ချုပ်နိုင်ရေးအတွက် မေလကတည်းက ပြန်လည်ထိုးစစ်ဆင်မှုများ ပြုလုပ်နေရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“CDF-KKG Major Operation အနေနဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတွေ ကျေးရွာတွေကို ကျနော်တို့ အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဟံသာဝတီရွာဘက်ကနေ ပြန်လည်ထိုးစစ်ဆင်မှုတွေလုပ်လို့ နေ့စဉ်နီးပါး တိုက်ပွဲရှိပေမယ့် အခုချိန်ထိတော့ မဟာမိတ်တပ်တွေရဲ့ ပူးပေါင်းမှုနဲ့အတူ ကျနော်တို့ ကြံ့ကြံ့ခိုင်နေဆဲပါ” ဟု CDF – KKG ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများ ဖြစ်သည့် ကန်းပါးနီးစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ၊ အနောက်အောင်သာယာ၊ ကြံတောရွာ စခန်းများကို ချင်းပူးပေါင်းတပ်က CDF- KKG Major စစ်ဆင်ရေးနှင့်အတူ သိမ်းပိုက်ထားသည်။

ကလေး – ကဘော် – ဂန့်ဂေါဒေသ လွတ်မြောက်ရေးမှသည် မြန်မာတပြည်လုံး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်ပြီး လူထုတရပ်လုံး လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွာမည်ဟု CDF – KKG ထံမှ သိရသည်။

စစ်အာဏာရှင်စနစ်နှင့်တကွ အာဏာရှင်စနစ်မှန်သမျှ တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ အပါအဝင် တိုင်းရင်းသား၊ လူမျိုးအားလုံး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် CDF – KKG ကို ဖွဲ့စည်းတည်ထောင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.