(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို အဓိက ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းမကြီးအား ဇူလိုင် (၁၇) ရက်မှ စတင်ပြီးပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း CDF- CDM Siyin ထုတ်ပြန်ထားသည်။
စစ်ရေးကြောင့် (၁) လကျော်ပိတ်ထားသည့် ကလေး- သိုင်းငင်း လမ်းမအား ဇူလိုင် ၁၇ ရက်နေ့မှစပြီး ခရီးသွား ပြည်သူများ ပြန်လည်အသုံးပြုသွားလာနိုင်ပြီ ဖြစ်ကြောင်း ယနေ့ ဇူလိုင် (၁၆) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့မှ ချင်းပြည်နယ်သို့ စစ် ကြောင်း ထိုးလာ သည့်အတွက် ကလေး-သိုင်းငင်း လမ်းမကြီးအား မေလ (၂၀) ရက်နေ့ကစ၍ အတက်အ ဆင်းအားလုံးကို CDF CDM Siyin က ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
မေ (၂၁) ရက် နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့သည် ကလေး- သိုင်းငင်းလမ်း ပေါ်ရှိ မွှာလ်ပီးကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ (၅) ရက်တွင် မွှာလ်ပီးကျေးရွာရှိ စစ် ကောင်စီ တပ်စခန်းအား ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အားလုံးသည် ကလေးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွါသွားကြသည်။