(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ပြီး အပျက်အစီးတချို့ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“ဒီမင်းတပ်မြို့ပေါ်ကို ကြဲသွားတာပါ။ မင်းတပ်မြို့ပေါ်မှာကလည်း လူက သိပ်မနေဘူးဆိုတော့ ပြည်သူတွေတော့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး။ နေအိမ်နဲ့ အစိုးရအဆောက်အအုံတွေတော့ ပျက်စီးသွားတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
ယမန်နေ့ သြဂုတ်လ (၃) ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်တွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်သူထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း အစိုးရအဆောက်အဦး (၂) လုံးခန့်နှင့် ပြည်သူနေအိမ် (၈) လုံး စုစုပေါင်း (၁၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။