Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး တားဆီးမည်ဟု ချင်းအင်အားစုများပြော

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရေး တားဆီးမည်ဟု ချင်းအင်အားစုများပြော

0
By Editor on August 18, 2025 Headline

(006SV)

အာဏာသိမ်းစစ်ကော်မရှင်က ချင်းပြည်နယ်ရှိ မြို့နယ် ၉ ခုလုံးတွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း မရှိစေရန် တားဆီးသွားမည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။

စစ်ကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း – ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပမည် ဖြစ်ပြီး ချင်းပြည်နယ်ရှိ မြို့နယ်အားလုံးကို လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်များ သတ်မှတ်ထား ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

ချင်းပြည်နယ်တွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုပ်ဆောင်မှု မှန်သမျှကို လက်ခံမည် မဟုတ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ စစ်ကော်မရှင် လုပ်ဆောင်မှု မှန်သမျှက ကျနော်တို့က လုံးဝ လက်ခံတာ မဟုတ်ဘူး။ အခု ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြေပြင်မှာ သူလုပ်နိုင်ဖို့အတွက် သတ်မှတ်ပြီးတော့ ချင်းပြည်နယ် ၉ မြို့နယ် စလုံးကို လုပ်နိုင်ဖို့ ပြင်ဆင်တယ်ဆိုတဲ့ဟာက တကယ့်ဖြစ်နိုင်ချေက လုံးဝ နည်းတယ်။ ဖြစ်နိုင်မှာလည်း မဟုတ်ဘူး။ မဖြစ် အောင်လည်း ကျနော်တို့က အတတ်နိုင်ဆုံး တားဆီးသွားမှာပဲပေါ့။ အဲဒီလိုလုပ်တဲ့နေရာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ အောင်မြင်ဖို့ ပံ့ပိုးနေတဲ့ ပြည်သူတွေ သေချာလေး ပြန်စဉ်းစားဖို့၊ ဖြစ်လာမယ့် အကျိုးဆက်ကတော့ သူတို့မှာ တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရမှာဖြစ်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ပြည်သူ့ဆန္ဒကို မလေးမထားဘဲ စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှာ ပါဝင်ပံ့ပိုမှုများ လုပ်ဆောင်နေသူများအနေဖြင့် ဖြစ်လာမည့် အကျိုးဆက်ကို ၎င်းတို့သာ တာဝန်ယူရမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကော်မရှင်သည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ပေါ်မှာသာ ရွေးကောက်ပွဲကို လုပ်နိုင်ချေ ရှိပြီး တခြားမြို့နယ် များမှာ လုပ်နိုင်ချေ မရှိဘဲ ကလိန်ကျစ်နည်းဖြင့်သာ မဖြစ်မနေလုပ်သွားမည့် ပုံစံမျိုးဖြစ်သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့က အတတ်နိုင်ဆုံး တားဆီးသွားမှာပဲပေါ့။ ကျနော်တို့မှာ ဘာမှ ရွေးချယ်စရာ လမ်းတော့ မရှိဘူး။ သူတို့အနေနဲ့ အခုက လုပ်ဖို့ ပြင်ဆင်နေတဲ့ ဟာဖြစ်တယ်။ အဲဒါကြောင့် နယ်မြေစိုးမိုးဖို့ဆိုပြီး သူဆုံးရှုံးပြီးသား နယ်မြေတွေကို ပြန်စိုးမိုးဖို့ ဆိုပြီး ပြင်ဆင်နေတာ ဖြစ်တယ်။ စစ်ရေးအရ ပြင်ဆင်လာတာ။ ငါတို့လည်း စစ်ရေးအရ ခုခံကာကွယ်သွားမှာပဲပေါ့။ အဲဒီလိုစစ်ရေး ဖြစ်လာပြီးဆိုရင် မြေပြင်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့က အင်မတန်မှ အားနည်းသွားမယ်။ လုပ်နိုင်ဖို့ သူတို့ကလည်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ပြင်ဆင်လာမှုသည် ၎င်း၏ အလုပ်ကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး ချင်းတော် လှန်ရေးအဖွဲ့များကလည်း ကိုယ့်ထိန်းချုပ်နယ်မြေကို ထိန်းချုပ်နိုင်ရေးသာ ကြိုးစားသွားမည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

စစ်ကော်မရှင်က ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပးနိုင်ရေးအတွက် ချင်းညီနောင်အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထိန်း ချုပ်ထားသော နယ်မြေများကို စစ်ကော်မရှင်လက်ထဲ မရောက်သွားနိုင်ရေးက အဓိက ဖြစ်သည်ဟု သိရသည်။

“နှစ်ဖက်အားပြိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်ငန်းကို ဆက်လုပ်ဆောင်သွားမယ်။ စစ်ကောင်စီကလည်း CB သိမ်းပိုက်ထားတဲ့ နယ်မြေ၊ စိုးမိုးထားတဲ့နယ်မြေတွေကို ပြန်လည် ရယူနိုင်အောင် ကြိုးစားနေတယ်။ စစ်ကြောင်းထိုးဖို့လည်း ပြင်ဆင်နေတယ်လို့ ကြားသိရတယ်။ ကျနော်တို့ တော်လှန်ရေးဘက် ကလည်း ဒီဟာကို အားထုတ်ပြီးမှ ကိုယ်ရယူပြီးသား နေရာကို မဆုံးရှုံးအောင် အတတ်နိုင်ဆုံး ကာကွယ်ရမှာပဲ။ နောက်ဆုံးက ရွေးကောက်ပွဲ ဘယ်လိုပဲ လုပ်လုပ် အဓိကက မြေပြင်ထိန်းချုပ်မှုက ပိုအရေးကြီးပါတယ်။ မြေပြင်မှာ စကစကပဲ ထိန်းချုပ်နိုင်မလား၊ ကျနော်တို့ တော်လှန်ရေး ဘက်က ထိန်းချုပ်နိုင်မလား၊ ဒါက အဖြေပါပဲ၊၊ အဲဒီပေါ်မှာပဲ အဆုံးအဖြတ်က ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ဘက်ကလည်း မြေပြင်မှာ ထိန်းချုပ်နိုင်အောင် ဒီထက်မက ကြိုးစားရမှာပါ” ဟု ဆလိုင်းတင်မီက ပြောသည်။

စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအတွက် ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ပလက်ဝ၊ ဖလမ်း၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ထန်တလန်၊ ဟားခါးတို့မှာ မဲအများဆုံး ရသူ အနိုင်ယူစနစ် ဖြင့်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၆ ခု၊ အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၆ ခု သတ်မှတ်ထားသည်ဟု စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်လွှတ်တော်အတွက် ချင်းပြည်နယ်၏ မဲဆန္ဒနယ် မြို့နယ် ၉ ခုလုံးတွင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် ၉ ဦးနှင့် အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ၉ ဦး စုစုပေါင်း ၁၈ ဦး ရွေးချယ်မည်ဖြစ်သည်။

အာဏာသိမ်းစစ်ကော်မရှင်သည် ချင်းပြည်နယ်တွင် ဟားခါးနှင့် တီးတိန်မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်နှင့် ဒေသအားလုံးကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတွင် ချင်း- မကွေးနယ်စပ် ယောဒေသတွင် စစ်ကောက်မရှင်လက်အောက်ခံတပ်များသည် စစ်ရေးစုဖွဲ့ ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယင်းတပ်များသည် ယောဒေသနှင့် ချင်းတောင်ပိုင်းဒေသကို ထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်သည်ဟု ချင်းအင်အားစုများနှင့် စစ်ရေးသုံးသပ်သူများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.