Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူလူထုနှင့်အတူ လက်တွဲကာ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို တားဆီးသွားမည်ဟု PDF-Zoland ပြော

ပြည်သူလူထုနှင့်အတူ လက်တွဲကာ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို တားဆီးသွားမည်ဟု PDF-Zoland ပြော

0
By Editor on August 20, 2025 Khonumthung

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့်သူများအား PDF-Zoland သတိပေး

(004SS)

အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ပြီး ပြည်သူလူထု နှင့်အတူ လက်တွဲကာ ဆက်လက်ပိတ်ပင်တားဆီးသွားမည်ဟု PDF-Zoland က ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအစီအစဉ်သည် ပြည်သူလူထုအကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့၏ အာဏာရှင်စနစ် ဆက်လက်တည်မြဲအောင် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု PDF- Zoland က ဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့က PDF-Zoland ၏ သတိပေးကြေညာချက်အတိုင်း ယခု ၂၀၂၅ ခုနှစ်ရွေးကောင်ပွဲကိုလည်း ဒီမိုကရေစီဆန္ဒမပါရှိဘဲ အာဏာရှင်စနစ်အား အသွင်ပြောင်းရန် ရည်ရွယ်ချက်ဖြင့်သာ ကျင်းပ မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ ဆက်လက် ပိတ်ပင်သွားမည်ဟု PDF-Zoland က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဒီမိုကရေစီလမ်းစဉ်နှင့် ကိုက်ညီခြင်းမရှိဘဲ၊ အမှန်တရားနှင့် တန်းတူညီမျှရေး မရှိသည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဤရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များနှင့် ပါဝင်ကူညီပေးသူများကို ပြည်သူလူထုအား ဆန့်ကျင်သူများဟု ရာသက်ပန်သတ်မှတ်ခံရမည်ဟုလည်း PDF-Zoland က သတိပေးထားသည်။

ပြည်သူလူထု၏ လိုအင်ဆန္ဒ အခက်အခဲများကို လစ်လျူရှုပြီး စစ်အာဏာရှင်စနစ်အားကောင်းလာစေရေး အကြောင်း အမျိုးမျိုးပြကာ စစ်ကော်မရှင်နှင့်အပေါင်းအပါများသာ ပါဝင်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများကိုလည်း PDF- Zoland က ပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြထားသည်။

ထိုသို့ ကန့်ကွက်သည့်ကြားက ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်သူများကို PDF-Zoland အနေဖြင့် ထိုက်သင့်သောအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စစ်ကောင်စီမှ စစ်ကော်မရှင်ဟု အသွင်းပြောင်းထားသော အာဏာသိမ်းစစ်တပ်သည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ကျင်းပမည်ဟုကြေညာလာထားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအအထိ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန်စီစဉ်ထားသည်။

ချင်းပြည်နယ်အတိုင်းအတာဖြင့် စစ်ကော်မရှင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃ ပါတီရှိပြီး ယင်းတို့မှာ ခူမီးအမျိုးသားပါတီ၊ ဇိုမီးအမျိုးသားပါတီ နှင့် ချင်းပြည်သစ်ကွန်ကရက်ပါတီ တို့ဖြစ်သည်။

စစ်ကော်မရှင်သည် ချင်းပြည်နယ်တွင် ဟားခါး နှင့် တီးတိန်မြို့ပေါ်တို့ကသာ ထိန်းချုပ်ထားနိုင်တော့သော်လည်း ချင်းပြည်နယ်၏ ၉ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.