Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူလူထုနှင့်အတူ လက်တွဲကာ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို တားဆီးသွားမည်ဟု PDF-Zoland ပြော

ပြည်သူလူထုနှင့်အတူ လက်တွဲကာ စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို တားဆီးသွားမည်ဟု PDF-Zoland ပြော

0
By Editor on August 20, 2025 Khonumthung

ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့်သူများအား PDF-Zoland သတိပေး

(004SS)

အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ပြီး ပြည်သူလူထု နှင့်အတူ လက်တွဲကာ ဆက်လက်ပိတ်ပင်တားဆီးသွားမည်ဟု PDF-Zoland က ထုတ်ပြန်ကြေညာလိုက်သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲအစီအစဉ်သည် ပြည်သူလူထုအကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့၏ အာဏာရှင်စနစ် ဆက်လက်တည်မြဲအောင် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု PDF- Zoland က ဆိုသည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့က PDF-Zoland ၏ သတိပေးကြေညာချက်အတိုင်း ယခု ၂၀၂၅ ခုနှစ်ရွေးကောင်ပွဲကိုလည်း ဒီမိုကရေစီဆန္ဒမပါရှိဘဲ အာဏာရှင်စနစ်အား အသွင်ပြောင်းရန် ရည်ရွယ်ချက်ဖြင့်သာ ကျင်းပ မည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ရေး ပြည်သူလူထုနှင့်အတူ ရပ်တည်ကာ ဆက်လက် ပိတ်ပင်သွားမည်ဟု PDF-Zoland က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်ကာ ဒီမိုကရေစီလမ်းစဉ်နှင့် ကိုက်ညီခြင်းမရှိဘဲ၊ အမှန်တရားနှင့် တန်းတူညီမျှရေး မရှိသည့် ရွေးကောက်ပွဲဖြစ်သောကြောင့် ဤရွေးကောက်ပွဲတွင် ပါဝင်ယှည်ပြိုင်ရန် ပြင်ဆင်နေသော နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များနှင့် ပါဝင်ကူညီပေးသူများကို ပြည်သူလူထုအား ဆန့်ကျင်သူများဟု ရာသက်ပန်သတ်မှတ်ခံရမည်ဟုလည်း PDF-Zoland က သတိပေးထားသည်။

ပြည်သူလူထု၏ လိုအင်ဆန္ဒ အခက်အခဲများကို လစ်လျူရှုပြီး စစ်အာဏာရှင်စနစ်အားကောင်းလာစေရေး အကြောင်း အမျိုးမျိုးပြကာ စစ်ကော်မရှင်နှင့်အပေါင်းအပါများသာ ပါဝင်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများကိုလည်း PDF- Zoland က ပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြထားသည်။

ထိုသို့ ကန့်ကွက်သည့်ကြားက ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ယှဉ်ပြိုင်သူများကို PDF-Zoland အနေဖြင့် ထိုက်သင့်သောအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

စစ်ကောင်စီမှ စစ်ကော်မရှင်ဟု အသွင်းပြောင်းထားသော အာဏာသိမ်းစစ်တပ်သည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ကျင်းပမည်ဟုကြေညာလာထားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလအအထိ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရန်စီစဉ်ထားသည်။

ချင်းပြည်နယ်အတိုင်းအတာဖြင့် စစ်ကော်မရှင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၃ ပါတီရှိပြီး ယင်းတို့မှာ ခူမီးအမျိုးသားပါတီ၊ ဇိုမီးအမျိုးသားပါတီ နှင့် ချင်းပြည်သစ်ကွန်ကရက်ပါတီ တို့ဖြစ်သည်။

စစ်ကော်မရှင်သည် ချင်းပြည်နယ်တွင် ဟားခါး နှင့် တီးတိန်မြို့ပေါ်တို့ကသာ ထိန်းချုပ်ထားနိုင်တော့သော်လည်း ချင်းပြည်နယ်၏ ၉ မြို့နယ်စလုံးတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.