Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တီးတိန်မြို့ပေါ်တွင် မီးသွေး၊ Gas ဈေးနှုန်းမြင့်တက်နေ

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တီးတိန်မြို့ပေါ်တွင် မီးသွေး၊ Gas ဈေးနှုန်းမြင့်တက်နေ

0
By Editor on August 22, 2025 Headline

(002MG)

စစ်ကိုင်းတိုင်းကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် ကလေး- သိုင်းငင်း ကားလမ်းပိုင်း လက်ရှိအထိ အသုံးမပြုနိုင်သေးသောကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲလျှက်ရှိပြီး တီးတိန် မြို့ပေါ်တွင် မီးသွေး၊ Gas ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု မြို့ခံများထံမှ သိရသည်။

တီးတိန်မြို့ခံတဦးက “ ပုံမှန်ကားလမ်းကတော့ သုံးလို့မရသေးဘူး။ လောလောဆယ် မီးသွေး အရမ်း ခက်ခဲဖြစ်တယ်။ ကလေးမြို့ဖက်ကနေ ပုံမှန်မဝင်နိုင်တာရယ်၊ တောင်ပေါ်မှာ မိုးရာသီ မိုးများတဲ့ အတွက်ကြောင့် မီးသွေးဖုတ်ရတာ မလွယ်ဘူး။ Gas သုံးဖို့ကျတော့လည်း ပြန်ဖြည့်ဖို့ခက်ခဲတယ်၊ ပြန် ဖြည့်ဖို့ တီးတိန်မှာရှိရင်တောင်မှ ဈေးကြီးတယ်။ ထင်းလဲ ဈေးကြီးတယ် လက်လုပ်၊ လက်စားတွေ အတွက် အရမ်းခက်ခဲသွားတယ်။ တခြားကုန် ပစ္စည်းတွေလည်း တပတ်မှာ တကြိမ်လောက် ဝင်နိုင်တယ်၊ အဲ့တာတောင် ပုံမှန်မဟုတ်ဘူး။” ဟု ပြောသည်။

ကလေး- သိုင်းငင်ကားလမ်းမကြီးအား ပြန်လည်အသုံးပြုသွားလာနိုင်ကြောင်း CDF- CDM Siyin က ထုတ်ပြန်ခဲ့ သော်လည်း စစ်ကော်မရှင်တပ်ဖွဲ့က ကလေးမြို့အထွက် ရှုခင်းသာ နေရာတွင် ပိတ်ထားသောကြောင့် ယနေ့ချိန်ထိ အသုံးပြုသွားလာ၍မရသေးကြောင်းသိရသည်။

တီးတိန်မြို့ပေါ်တွင် ယခင်ထက် ကုန်တင်ကားဝင်ရောက်မူနည်းပါးလာခြင်းကြောင့် လက်ရှိအထိ မြို့ခံများသည် ကွင်းလမ်းကိုသာအသုံးပြုကာ ဆိုင်ကယ် ကယ်ရီဖြင့် ခက်ခဲစွာ ကုန်ပစ္စည်းများသယ်ယူ အသုံးပြုနေ ကြရသည်ဟု သိရသည်။

တီးတိန်မြို့ပေါ်တွင် ယခင် မီးသွေးတအိတ်လျှင် ငွေကျပ် ၁၅,၀၀၀ မှ ၁၈,၀၀၀ ကျပ်ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၂၂,၀၀၀ မှ ၂၅,၀၀၀ ကျပ်အထိဝယ်ယူအသုံးပြုကြရသည့်အပြင် Gas တစ် ပိဿာ လျှင် ကျပ် ၂၁,၀၀၀ မှ ၂၅,၀၀၀ ကျပ်၊ ထင်း (၆) ပေ တစ်တန်လျှင် ကျပ် ၁၅၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ဝယ်ယူအသုံးပြုနေကြရကြောင်းသိရသည်။

ယခင်တွင် ကလေးမြို့မှ တီးတိန်မြို့ သည် (၁) ရက် ခရီးဖြင့်ရောက်နိုင်ခဲ့သော်လည်း လက်ရှိတွင် လမ်းပန်းဆက် သွယ်ရေး အခက်အခဲကြောင့် ကုန်တင်ကားများသည် တီးတိန်မြို့သို့ရောက်ရှိရန် (၂) ည မှ (၃) ည အထိ ခရီးကြန့်ကြာ နေရကြောင်း သိရသည်။

လက်ရှိအထိ ကလေး-သိုင်းငင်းကားလမ်းပိုင်းအသုံးပြုနိုင်ခြင်းမရှိသေးသော ကြောင့် ခရီးသွားပြည် သူများအပါအဝင် မော်တော်ယာဉ်ငယ်များ သည် ကွင်းလမ်းဖြစ်သည့် ပိမ်းပိလမ်းနှင့် ကုန်ကားများသည် ဝေဘူလ – ဗားရ် လမ်းပိုင်းကို အသုံပြုနေကြရကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတောင်ပိုင်းမြို့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနိုင်၍ မကွေး- ကန်ပက်လက် လမ်းပိုင်းများ ယာယီပိတ်

မတူပီမြို့နယ်တွင် စစ်ကျန်လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးဒဏ်ရာရ

ဟားခါးမြို့ပေါ်တွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒါဏ်ရာရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.