Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မြန်မာစစ်ဘေးရှောင် ၄၀၀၀ ကျော်၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

မြန်မာစစ်ဘေးရှောင် ၄၀၀၀ ကျော်၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

0
By Editor on August 25, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် ခရိုင် ၁၁ ခုမှာ မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များ ကောက်ယူလျှက်ရှိရာမှာ ယခုလက်ရှိတွင် စစ်ဘေးရှောင် ၄၇၄၁ ဦး၏ အချက်အလက်များကို ကောက်ယူပြီးစီးပြီဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏စာရင်းအရ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင် ၃၂၀၀၀ ကျော် နှင့် ဘဂ်လားဒေရှ့်စစ် ရှောင် ၃၀၀၀ နီးပါးတို့၏ ဇီဝအချက်အလက်များကို ဇူလိုင်လကုန်ပိုင်းကစတင်ကောက်ယူခဲ့ကြသည်ဟု All India Radio News ကဖော်ပြသည်။

ဇီဝအချက်အလက်ကောက်ယူမှုကို ခရိုင် ၁၁ ခုမှာ ဇူလိုင်လကုန်းပိုင်းက တပြိုင်းတည်းစတင်ခဲ့ကြပြီး အွန်လိုင်းကတ ဆင့် ကောက်ယူကြသည့်အတွက် အင်တာနက်လိုင်းမကောင်းခြင်း နှင့် ‘Foreigners Identification Portal & Biometric Enrolment’ (FIP&BE) စက်ကိရိယာချို့ယွင်းမှုတို့ကြောင့် လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။

အစကနဦးပိုင်းမှာ ဇီဝအချက်အလက်(Biometric Enrolment) ကိုသာကောက်ယူမည်ဟု ယူဆထားကြသော်လည်း Biographic data (ကိုယ်ရေးအချက်အလက်) များကိုလည်း ကောက်ယူနေသည်ဟု သိရသည်။

ကိုယ်ရေးအချက် အလက်ကောက်ယူရာမှာ နာမည်၊ မိဘအမည်၊ မြန်မာနိုင်ငံတွင်နေထိုင်သည့် မြို့၊ကျေးရွာ၊ ယခင်နှင့် လက်ရှိအလုပ် အကိုင်များလည်း ပါဝင်ကြောင်းသိရသည်။

မြန်မာစစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်ထဲက Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုက စစ်ရှောင်စခန်းများနှင့် အိမ်ငှါးများဖြင့် နေထိုင်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.