Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

ပလက်ဝမြို့သိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၄၀ ကျော်ကို ULA/ AA လွှတ်ပေး

0
By Editor on August 26, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထဲက ၄၀ ကျော်ကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းတွင် စစ်သုံ့ပန်း နှင့် အခြားသုံ့ပန်း အိမ်ထောင်စု ၁၅ စုက မိသားစုဝင် ၄၄ ဦးကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်သုံ့ပန်းနှင့် မိသားစုဝင်များကို လူသားချင်းစာနာထောင်ထားသည့်အနေဖြင့် ULA/ AA က ၉ ကြိမ်မြောက်အဖြစ် လွတ်ငြိမ်းခွင့်ကို အခမ်းအနားပြုလုပ်ပြီး ပလက်ဝခရိုင်အတွင်းမှာ ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ လွတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်သော စစ်သုံ့ပန်းများထဲတွင် ချင်းလူမျိုးတချို့လည်း ပါဝင်ကြောင်း ရခိုင်အခြေစိုက် ဒေသတွင်းသတင်းဌာနတချို့မှာ ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော် ULA/ AA သည် ပလက်ဝခရိုင်အပါအဝင် လွတ်ငြိမ်းခွင့်ပေးခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင်ပေါင်း ၁၈၀၀ နီးပါးအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့နယ်ကို ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယခင်မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်အတွင်း ထည့်သွင်း၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ULA/ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်က အတည်ပြုဖြေကြားထားသည်။

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ်သို့ ၂၀၂၅ ခုနှစ် မေလတွင် အာရက္ခတပ်တော် ULA/ AA က ထည့်သွင်း ဖွဲ့စည်း သတ်မှတ်လိုက်သည်။

ပလက်ဝမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းများကို ULA/ AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်လျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.