(005MK)
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြုံစည်းရုံးခတ်မည့်အစီစဉ်သည် ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လက်ရှိ မှာလည်း အကောင်အထည်ဖော်ဆောင်ရွက်နေဆဲဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga က ယမန်နေ့က စတင်ကျင်းပသော ပြည်နယ်လွတ်တော် အစည်းအဝေးမှာ ZPM လွှတ်တော်အမတ် Pu VL Zaithanzama က နယ်စပ်အရေးနှင့်ပတ်သက်၍ မေးမြန်းရာမှာ ထိုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ခြံစည်းရုံးခတ်ခြင်းသည် အိန္ဒိယဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်သာဖြစ်သည်နှင့်အညီ ပြည်နယ်အစိုးရ၊ နယ်စပ်ဒေသ လုံခြုံရေးတာဝန်ယူထားသော အာသံရိုင်ဖယ်၊ နယ်စပ်လမ်းအဖွဲ့အစည်း(Border Road Organization) တို့နှင့် ဆွေး နွေးတိုင်ပင်ကာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးကပြောသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီးက မြန်မာစစ်ဘေးရှောင်အရေးလည်း ထည့်သွင်းပြောကြားရာမှာ လက်ရှိမီဇိုရမ်ပြည်နယ် မှာ မြန်မာစစ်ဘေးရှောင် ၂၉၀၄၆ ဦးရှိပြီး စစ်ဘေးရှောင်များအား ဇီဝအချက်အလက်ကောက်ယူလျှက်ရှိသည်ဟု အသိပေးထားသည်။