Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဒိုင်ရ်ဒေသ ကျေးရွာအများစုမှာ တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားနေပြီး သေဆုံးမှု ရှိလာ
Photo- Khumiland

ဒိုင်ရ်ဒေသ ကျေးရွာအများစုမှာ တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွားနေပြီး သေဆုံးမှု ရှိလာ

0
By Editor on September 16, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း ဒိုင်ရ်ဒေသန္တရကောင်စီ၏ ထိန်းချုပ်ဒေသအတွင်း ကျေးရွာအများစုတွင် တုပ်ကွေးရောဂါ ကူးစက်မှု ဖြစ်ပွားနေပြီး ဆေးဝါးမလုံလောက်၍ အချိန်မီဆေးကုသမှု မပေးနိုင်သောကြောင့် ကလေးများအပါအဝင် ဒေသခံတချို့ သေဆုံး မှုများ ရှိနေသည်ဟု သိရသည်။

“အခု ဖြစ်နေတဲ့ ရောဂါက ရာသီအပြောင်းအလဲကြောင့် ဖြစ်နေတဲ့ တုပ်ကွေးလို့ ယူဆရပါတယ်။ တခြားရောဂါတွေ မရှိဘူးပေါ့နော်။ အခုဖြစ်နေတာက ကျေးရွာတိုင်း လိုလို ဖြစ်နေတာ၊ တချို့ ကျေးရွာတွေက ကျောင်းတွေ ပိတ်လိုက်ရတဲ့ အခြေအနေ ရှိပါတယ်။ တချို့ရွာတွေက ရွာလုံးကျွတ် ဖျားနေတာလည်း ရှိတယ်။ အသက်အရွယ် မရွေးပဲ ကလေးရော၊ လူကြီးရော၊ လူလတ်ပိုင်းကော ဖျားနေကြတာ တွေ့ရတယ်” ဟု ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဒိုင်ရ်ဒေသန္တရကောင်စီ၏ ထိန်းချုပ်ဒေသတွင် ကျေးရွာပေါင်း ၉၀ ဝန်းကျင်ရှိပြီး စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ဒိုင်ရ် ဒေသန္တရ ကောင်စီ ထိန်းချုပ်ဒေသတွင် ရာသီတုပ်ကွေးများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု DRC ထံမှ သိရသည်။

လက်ရှိ တုပ်ကွေးရောဂါ ဖြစ်ပွားနေမှုသည် ကျေးရွာတိုင်းနီးပါးတွင် ဖြစ်ပွားနေကာ ရောဂါဖြစ်ပွားသူနှင့်‌ ကျေးရွာ စာရင်းကို မသိရှိသေးကြောင်း၊ လတ်တလောမှာ ကလေးငယ် ၃ ဦးနှင့် လူကြီး ၁ ဦးတို့ သေဆုံးခဲ့သည်ဟု DRC ထံမှ သိရသည်။

“ကူးစက်မှုအခြေအနေက ဒီရက်ထဲ နည်းနည်းပြန်ကျလာပြီ။ သေဆုံးရတဲ့ အကြောင်းရင်က ကျနော်တို့ ဒေသမှာ ဆေးခန်းတွေ ရှိပေမယ့် ဆေးဝါးမလုံလောက်မှုရယ်၊ ဆရာဝန်ရှားပါးတဲ့ ပြသနာတွေကြောင့် လူနာတွေက အချိန်မီဆေးကုသမှု မလုပ်နိုင်လို့ သေဆုံးမှု ဖြစ်ရတယ်လို့ ယူဆမိပါတယ်။ အကူအညီကတော့ ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်” ဟု DRC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တချို့ကျေးရွာများတွင် တစ်ယောက်စ၊ နှစ်ယောက်စ အနည်းငယ်ဖြစ်ပွားနေပြီး တချို့ကျေးရွာများတွင် ကျေးရွာလူဦးရေ ထက်ဝက် ခန့်က ဖျားနာနေကြကြောင်း၊ ဒိုင်ရ်ဒေသန္တရ ဒေသ ၂ ထဲက ကျေးရွာတစ်ရွာတွင် ဆရာ/မများအပါအဝင် ကျောင်းသူ/သား ထက်ဝက်နီးပါး ဖျားနာနေ၍ ကျောင်းပိတ်ထားရသည်ဟု သိရသည်။

မင်းတပ်မြို့နယ်တွင်လည်း ရာသီတုပ်ကွေးများ ဖြစ်ပွားနေပြီး ယခုနှစ်အတွင်း ကလေးငယ် ၇ ဦးခန့် သေဆုံးမှု ရှိနေကြောင်း သိရသည်။

ဖျားနာနေသူများသည် အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ မူဝေခြင်း၊ ချမ်းတုန် အော့အန်ခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းရှော ခြင်းလက္ခာများ တွေ့ရသည်ဟု သိရသည်။

ဒိုင်ရ်ဒေသန္တရကောင်စီ နှင့် CDF – Daai တို့သည် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝမြို့ နယ်အတွင်းရှိ ဒိုင်ရ်လူမျိုးများ နေထိုင်ရာဒေသတွင် အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်က ချင်းတောင်ပိုင်း ထိုးစစ်ဆင်မှုမှာ မြို့များကို လေကြာင်းဗုံးကြဲမှု ၁၀ ရက်အတွင်း ၂၅ ကြိမ် ပြုလုပ်

မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် တိမ်းရှောင်ခဲ့ကြသည့် တီးတိန်မြို့ခံ ပြည်သူများ နေရပ်ပြန်

မလေးရှားသို့သွားရာလမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် Tg. Pau Lam Kim ၏ သူငယ်ချင်း ၃ ဦး အချုပ်မှလွတ်မြောက်လာပြီးနောက် မြန်မာသို့ပြန်ပို့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.