Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရတပ်ဖွဲ့ တပ်အင်အား တည်ဆောက်ရေးကို ပိုမိုဆောင်ရွက်မည်ဟု အသစ်ပြန်လည်း ဖွဲ့စည်းလိုက်သည့် ချင်းပြည်ကောင်စီ ကြေညာ
ပုံစာ - ယခင်ပုံဟောင်း

ချင်းပြည်အစိုးရတပ်ဖွဲ့ တပ်အင်အား တည်ဆောက်ရေးကို ပိုမိုဆောင်ရွက်မည်ဟု အသစ်ပြန်လည်း ဖွဲ့စည်းလိုက်သည့် ချင်းပြည်ကောင်စီ ကြေညာ

0
By Editor on December 10, 2025 Headline

(006SV)

ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ ပိုမိုကျစ်လစ်ခိုင်မာရေးအပြင် ချင်းပြည် အစိုးရတပ်ဖွဲ့၏ တပ်အင်အား တည်ဆောက်ရေးတို့ကို ပိုမိုဆောင်ရွက်သွားမည်ဟု အသစ်ပြန်လည်း ဖွဲ့စည်းလိုက်သည့် ချင်းပြည်ကောင်စီက ကြေညာသည်။

ပထအကြိမ် ချင်းပြည်ကောင်စီ သက်တမ်း ၂ နှစ်ပြည့်တွင် ဒုတိယအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ကျင်းပပြီး ချင်းပြည်ကောင်စီ ဒုတိယသက်တမ်းအတွက် အကြီးအကဲများ၊ ကောင်စီဦးဆောင် အဖွဲ့ဝင်များနှင့် ကောင်စီ ဝင်များကို ရွေးကောက် တင်မြှောက်ခြင်း ပြုလုပ်ခဲ့သည်ဟု ဒီဇင်ဘာလ ၉ ရက်မှာ ထုတ်ပြန်သည်။

ဒုတိယသက်တမ်းအတွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများ ပိုမိုကျစ်လစ်ခိုင်မာရေးနှင့် ချင်းပြည်အစိုးရတပ်ဖွဲ့ အာကောင်းခိုင်မာရေးအတွက် တပ်အင်အား တည်ဆောက်ရေးတို့ကို ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ချင်းလဲန်း ကောင်စီထံမှ သိရသည်။

စစ်ကော်မရှင်က ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ချင်းပြည်ကောင်စီ၏ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်အသိပေးသည်။

အမေရိကန်ပြည်ထောင်စုအစိုးရမှ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အကြောင်းပြုပြီး မြန်မာပြည်သူများအတွက် Temporary Protected Status ပြန်လည်ရုပ်သိမ်းသည့်အပေါ် အထူး စိုးရိမ်မကင်း ဖြစ်ရပြီး အဆိုပါ ဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ် ပေးပါရန် ချင်းလဲန်းကောင်စီက တောင်းဆိုထားသည်။

ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ရှေ့ရှုလျက် ညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက် ဆောင်ရွက်ရန် နိုင်ငံရေး စိတ်ဆန္ဒ အပြည့်အဝရှိပါကြောင်း ချင်းလဲန်းကောင်စီထံမှ သိရသည်။

ချင်းတော်လှန်ရေး အင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးအတွက် ကြိုပမ်းပေးလျက်ရှိသော ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းအသီးသီးအပေါ် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်သည်။

စစ်ကော်မရှင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဘေးဒုက္ခရောက်နေကြသော ချင်းလူထုကို အိန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီခဲ့ သည့်အပေါ် အထူးကျေးဇူးတင်ရှိကြောင်း ၊ အာဆီယံအထူးကိုယ်စားလှယ်ရုံးက မြန်မာနိုင်ငံအတွက် လူသားချင်း စာနာ ထောက်ထားမှုကို ထောက်ခံကြိုဆိုပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှလည်း ပူးပေါင်းပါဝင်ပေးရန် မေတ္တာ ရပ်ခံ ထားသည်။

မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းနှင့် အရှေ့တောင်အာရှဒေသတခွင်တွင် ငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းကြောင့် ချင်းအပါအဝင် မြန်မာပြည်သူများ ထိခိုက်နစ်နာလျက်ရှိသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်တို့မှ ကျားဖြန့် လုပ်ငန်းတိုက်ဖျက်ရေး ဆောင်ရွက်နေမှုအပေါ် ကြိုဆိုပြီး ချင်းပြည်ကောင်စီမှ လိုအပ်သလို ပူးပေါင်းဆောင်ရွက် သွားမည်ဟု သိရသည်။

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးတို့အတွက် တိုက်ပွဲ ဝင်ရင်း အသက်ပေးသွားသည့် အာဇာနည်းသူရဲကောင်းများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းကို ပေးလှူသွားသော သူရဲကောင်းများကို ဦးညွှတ်ဂုဏ်ပြုပါသည်ဟု ကြေညာသည်။

ချင်းပြည်ကောင်စီ၏ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် ရပ်တည်ပံ့ပိုးပေးသော ချင်းပြည်သူများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ရပ်တည် ပံ့ပိုးပေးပါရန်လည်း တိုက်တွန်းထားသည်။

ဒုတိယအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကို ချင်းပြည်ကောင်စီ အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပမှ ဧည်သည့်များစုစုပေါင်း ၂၀၁ ဦး တက်ရောက်သည်ဟု သိရသည်။

ညီလာခံတွင် ချင်းပြည်ကောင်စီ ပထမသက်တမ်းအတွင်း ကောင်စီ နှင့် မဏ္ဍိုင်သုံးရပ် အသီးသီး၏ ၂ နှစ်တာ လုပ်ငန်း အစီရင်ခံစာများ တင်သွင်းခြင်း၊ နိုင်ငံရေးနှင့် စစ်ရေး သုံးသပ်ချက် အစီရင်ခံစာများ အပေါ် ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့လည်း ပြုလုပ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ဖလမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေရာ စစ်ကော်မရှင်တပ် ထိခိုက်ကျဆုံးမှု များပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.