Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးလိုအပ်ဟု CNF ဥက္ကဌ ပြော

အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးလိုအပ်ဟု CNF ဥက္ကဌ ပြော

0
By Editor on March 20, 2026 Headline

လိုအပ်လာပါက ချင်းပြည်သူအားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ရမည်ဟု ဆို

(006SV)

ချင်းအမျိုးသားလုံခြုံရေးနှင့် ချင်းလဲန်တည်ဆောက်ရေးအတွက် အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးသည် ပကတိလိုအပ်ချက်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌ Pu Zing Cung က ပြောသည်။

ယနေ့ ကျရောက်သော ၃၈ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဌက ယင်းသို့ ပြောဆို လာခြင်းဖြစ်သည်။

“ချင်းသမိုင်းကို ပြန်ကြည်ရင် ကိုယ့်မင်းကိုယ့်ချင်း ဘဝကနေ နယ်ချဲ့အင်္ဂလိပ် လက်အောက် ကျရောက်သွားရတာဟာ “ချင်းလဲန်ကို ကာကွယ်စောင့်ရှောက်နိုင်သည့် စည်းလုံး၍ အရည်အချင်း ပြည့်ဝသော တပ်မတော်တစ်ရပ် မရှိခဲ့လို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးကာလ ဗမာလူမျိုးကြီးဝါဒီများနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖိနှိပ်၊ အုပ်ချုပ်၊ ကျွန်ပြုခံရတာဟာ မိမိတို့ နယ်မြေကို ကာကွယ်ပေးနိုင်တဲ့ အရည်အချင်းရှိသော တပ်မတော်တစ်ရပ် မရှိလို့ပဲ ဖြစ်ပါတယ်” ဟု CNF ဥက္ကဌ Pu Zing Cung က ပြောသည်။

ချင်းအမျိုးသားတပ်မတော်သည် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည် ရရှိရေးနှင့် ချင်းလဲန်ကာကွယ်ရေး တာဝန် များကို နှစ်ပေါင်း ၃၈ နှစ်ကြာ ထမ်းဆောင်နေပြီဖြစ်သကဲ့သို့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း ၎င်းတို့ နယ်မြေဒေသ အလျှောက် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေပြီဟု သိရသည်။

တော်လှန်ရေးတွင် ချင်ပြည်အတွက် လိုအပ်လာပါက ချင်းလဲန်ပြည်သူ အားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ကြရ မည်ဟုလည်း CNF ဥက္ကဌ Pu Zing Cung က ပြောသည်။

“မိမိတို့ ချင်းလဲန်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တဲ့ တပ်မတော်တစ်ရပ် တည်ဆောက်ရေးသည် ချင်းလဲန် ပြည်သူအားလုံးရဲ့ အမျိုးသားရေး တာဝန်ဖြစ်ပါတယ်။ ထိုမှတဆင့် အစွမ်းအစ ရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့ တပ်မတော် တစ်ရပ်အဖြစ် တည်ဆောက် သွားကြရမှာ ဖြစ်တယ်။ လိုအပ်လာပါက ချင်းလဲန်ပြည်သူအားလုံး လက်နက်စွဲကိုင်ပြီး ချင်းလဲန်ကို ကာကွယ်ကြရမှာဖြစ်ပါတယ်” ဟု Pu Zing Cung က ပြောသည်။

လက်ရှိ တော်လှန်ရေးကာလတွင် ချင်းပြည်၏ နယ်မြေများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထိန်းချုပ်နေပြီး ၎င်းတို့၏ တရားဥပဒေစိုးမိုးမှု အောက်မှာ ဒီမိုကရေစီစနစ်ကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးနေပြီဟု သိရသည်။

ချင်းပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝတိုးတက်ရေးတို့အတွက် ချင်းပြည်အစိုးရနှင့် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့က စီမံအုပ်ချုပ်နေပြီး ပြည်သူ့ဝန်ဆောင်မှုများ လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ချင်းလဲန်ပြည်သူပြည်သားအားလုံး စည်းစည်းလုံးလုံးဖြင့် အတူတကွ လက်တွဲတိုက်ပွဲဝင်ကြရန်လည်း CNF ဥက္ကဌက တိုက်တွန်းသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဒု-ဥက္ကဌအဖြစ် အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့ကို တင်မြှောက်

မြန်မာဒုက္ခသည်များအား Exit Permit အတွက် ရူပီး ၅ သိန်း တောင်းခံမှု အထောက်အထားရှိပါက Delhi High Court သို့တင်ပြပေးမည်ဟု ရှေ့နေကြီး Dr. Ashok Agarwal ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.