Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် ခရစ်ယာန်သင်္ချိုင်းအုတ်ဂူများ ကျပ် ၅ သောင်းစီဈေးတက်

ကလေးမြို့တွင် ခရစ်ယာန်သင်္ချိုင်းအုတ်ဂူများ ကျပ် ၅ သောင်းစီဈေးတက်

0
By Editor on March 31, 2026 Headline

(004SS)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင် သင်္ချိုင်းအုတ်ဂူများ ကျပ်ငွေ ၅ သောင်းစီဈေးတက်သွားသည်ဟု သိရသည်။

ခရစ်ယာန်သုသာန် ကော်မတီသည် ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် လုပ်အားခ များ မြင့်တက်လာမှုကြောင့် သုသာန် အသုံးပြုခနှုန်းထားများကိုလည်း လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ အမျိုးအစား အလိုက် ကျပ် ၅ သောင်းစီ တိုးမြှင့်ကောက်ခံတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ခရစ်ယာန်သုသာန်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ယခင်နှုန်း ထားများအပေါ် အခြေခံကာ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်ခဲ့ခြင်းဟု သိရပြီး ကလေးသင်္ချိုင်းအုတ်ဂူ- ၂ သိန်းကျပ်၊ လူကြီးသင်္ချိုင်း- ၂ သိန်းခွဲကျပ်နှင့် အထူးသင်္ချိုင်း (Special)- ၅ သိန်းခွဲကျပ် စသည်ဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နှုန်းထားများကို ၆ လကြာ စမ်းသပ်ကောက်ခံသွားမည်ဖြစ်ပြီး၊ အခြေအနေပေါ်မူတည်၍ ပြန်လည်သုံးသပ်မည်ဟု လည်း သိရသည်။

ယခုကဲ့သို့ သုသာန်အသုံးပြုခများ တိုးမြှင့်လိုက်ခြင်းသည် ဒေသတွင်း အဘက်ဘက်မှ ကုန်ဈေးနှုန်းကြီးမြင့်နေမှု၏ ရိုက်ခတ်မှုတစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

ကလေးမြို့ရှိ ချင်းအမျိုးသားဒေသခံတစ်ဦးက “အခု သုသာန်ခက တက်တယ်ဆိုတာ ဟုတ်ပါတယ်။ အရင် ၂ သိန်းတန်ဆို အခု ၂ သိန်းခွဲပေါ့။ ကလေး၊ လူကြီး၊ အထူး အကုန်လုံး ၅ သောင်းစီ တက်သွားတာ။ အခု ကျွန်တော်တို့က ဆီတစ်ဂါလံကို ၅ သောင်းနဲ့ ဝယ်နေရပြီဆိုတော့ သုသာန်တင်မကဘူး၊ ကလေးမြို့မှာ အစားအသောက် ဟင်းသီးဟင်းရွက်ကအစ အကုန် တက်နေတာ။ ကုန်သွယ်ရေးကအစ ဘာမဆို အကုန်တက်တော့ အခုနောက်ပိုင်း နေရေးထိုင်ရေး အရမ်းခက်ခဲနေတယ် ဆိုတာကလွဲပြီး ပြောစရာမရှိပါဘူးဗျာ။” ဟု ပြောသည်။

လက်ရှိတွင် သုသာန်ရုံးခန်းကို ဝင်းအတွင်းသို့ ပြောင်းရွှေ့ဆောက်လုပ်နေဆဲဖြစ်ရာ ဧပြီလ ၁ ရက်နေ့မှစတင်၍ ရုံးခန်း မပြီးမချင်း အသုံးပြုခများကို သုသာန်စောင့်ထံတွင် တိုက်ရိုက်ပေးဆောင်ရမည်ဟု ဆိုသည်။

ထို့ပြင် သင်္ချိုင်းနံပါတ်စစ်ဆေးခြင်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း သုသာန်ဝင်းအတွင်း၌ပင် တစ်နေရာ တည်းတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.