Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောက်တူဒေသမှာ ညအိပ်ဧည့်သည်များ ဧည့်စာရင်း တိုင်ရမည်ဟု ဆို

လောက်တူဒေသမှာ ညအိပ်ဧည့်သည်များ ဧည့်စာရင်း တိုင်ရမည်ဟု ဆို

0
By Editor on March 25, 2026 Headline

(006SV)

ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း လုံခြုံရေးအတွက် ညအိပ်အခြေပြုသည့် ဧည့်သည်များ ရောက်လာကပါက သတင်းပို့ တိုင်ကြားရမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်း မပြုလျှင် အရေးယူမည်ဟု လောက်တူဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မတ်လ ၂၅ ရက်မှာ ကြေညာသည်။

ဒေသတွင်း လုံခြုံရေးအတွက် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများ စနစ်တကျ ကြပ်မတ် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများ အနေဖြင့် မိမိထံ ညအိပ်မည့် ဧည့်သည်များကို အိမ်ရှင်၊ တည်းခိုခန်းတာဝန်ရှိသူများ ကိုယ်တိုင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ခေါ်ဆောင်၍ သတင်းပို့ မှတ်တမ်းတင်ရမည်ဟု ထုတ်ပြန်သည်။

ညအိပ်မည့်သူဖြစ်ပါက ညနေ ၆ နာရီ မတိုင်မီ သတင်းပို့ရမည်၊ ည ၁၀ နာရီ မတိုင်မီ ရောက်ရှိသူဖြစ်ပါက ၁ နာရီအတွင်း သတင်းပို့ရမည်၊ ည ၁၀ နာရီကျော်မှ ရောက်ရှိလာပါက နောက်နေ့ မနက် ၈ နာရီ နောက်ဆုံးထား သတင်းပို့ရမည်ဖြစ်ပြီး သတင်းပို့ခြင်း မပြုဘဲ ထွက်ခွာခြင်း မပြုရဟု သတ်မှတ်ထားသည်။

ဒေသခံပြည်သူများက ဒေသတွင်း တခြားရပ်ကျေးသို့ သွားရောက်ပါက သတင်းပို့ရန် မလိုသကဲ့သို့ ဒေသပြင်ပကို ရောက်ရှိနေသူများ မိမိဒေသကို ပြန်လာပါကလည်း သတင်းပို့ရန် မလိုကြောင်း သိရသည်။

တော်လှန်ရေးတာဝန် ထမ်းဆောင်သူများကို လူကိုယ်တိုင် ခေါ်ဆောင်ရန် မလိုအပ်ဘဲ သီးခြားသတ်မှတ်နည်းဖြင့် သတင်းပို့နိုင်ပြီး ၎င်းတို့ကို သံသယ ဖြစ်ဖွယ် တွေ့ရှိပါက လူကိုယ်တိုင်းသတင်းပို့စေရမည်ဖြစ်ကြောင်း၊ NGO အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်ဖြစ်ပါကလည်း သတင်းပို့ရမည်ဟု ထုတ်ပြန်သည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးမေးမြန်းခြင်း၊ အထောက်အထား တောင်းယူခြင်းများ ပြုလုပ်နိုင်ခွင့် ရှိသည်ဟုလည်း ဆိုသည်။

စည်းကမ်းချက်များကို မလိုက်နာပါက ကျပ်တစ်သောင်းထက် မနည်း၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ၊ အခြားစီမံခန့်ခွဲရေး နည်းလမ်းအရ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ပေါင်းပြီး အရေးယူနိုင်သည်ဟု ထုတ်ပြန်သည်။

လောက်တူဒေသတွင် လောက်တူဒေသခံ ပြည်သူ မဟုတ်ဘဲ လာရောက်အခြေချ နေထိုင်သူများ၊ စစ်ဘေးရှောင် များ အပါအဝင် မည်သည့်အကြောင်းကြောင့် ခိုလှုံနေထိုင်သူဖြစ်စေ ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ထံ လာရောက် မှတ်ပုံတင်ရန် လိုအပ်ပြီး ၎င်းတို့ကို ယာယီအိမ်ထောင်စု စာရင်း နှစ်ပတ်အတွင်း ပြုလုပ်ပေးမည်ဟု မတ်လ ၂၃ ရက်က လောက်တူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးမှုသည် စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများနှင့် သက်ဆိုင်မှု မရှိဟု CDF ဟားခါးဥက္ကဌ ပြော

ဖလမ်း-ဟားခါးလမ်းမပေါ် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းသေဆုံးမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု CNO/CNDF ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2026

လာမည့်နှစ် ဧပြီလထဲ ဖလမ်းနှင့်တွန်းဇံအပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၀ ကျော်မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်

November 6, 2026

စိတ်ဝေဒနာ ခံစားရမှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ အိမ်အောက်တွင် သီးခြားနေထိုင်ခိုင်းသည့် ချင်းလူငယ်တစ်ဦး အသိစိတ်ပြန်ဝင်လာပြီး စကားစပြောလာ

November 6, 2026

သဒ္ဒါနှင့် စာလုံးပေါင်း မှန်ကန်စေရန် ကူညီပေးမည့် ‘WriteInChin’ အက်ပ် စတင်အသုံးပြုနိုင်

November 5, 2026

ဇိုတုန်ဒေသမှာ အသိပေးညှိနှိုင်းခြင်းမရှိဘဲ မည်သည့်လုပ်ငန်းကိုမဆို မပြုလုပ်ရန်နှင့် ဇိုတုန်ဒေသန္တရအစိုးရ၏ စီမံခန့်ခွဲမှုကို မစွက်ဖက်ရန် အသိပေးထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.