(006SV)
စစ်ကိုင်းတိုင်း၊ တမူးခရိုင်းအတွင်းရှိ စစ်ဆေးရေး ဂိတ်များနှင့် လုံခြုံရေးဂိတ်များကို ခရိုင်ကွက်ကဲရေးရုံး၏ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသဌာနချုပ်၊ တမူးခရိုင်ကွပ်ကဲရေးက ကြေညာသည်။
တမူးခရိုင်းအတွင်း ခရိုင်ကွပ်ကဲရေးရုံး၏ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်များ၊ လုံခြုံရေးဂိတ်များကို ဧပြီလ ၃၀ ရက် နောက်ဆုံးထား၍ ပိတ်သိမ်းကြရန် တမူးခရိုင်ကွပ်ကဲရေးရုံးက ယနေ့ ဧပြီလ ၁၃ ရက်မှာ ထုတ်ပြန်သည်။
တမူးခရိုင်ထဲက လက်နက်ကိုင်အဖွဲ့များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားသည်။
တမူးခရိုင်ထဲတွင် ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ၎င်းတို့ထိန်းချုပ်ဒေသများတွင် တရားမဝင် စစ်ဆေးရေးဂိတ်များ၊ အကောက်အခွန် ဂိတ်များကို ပိတ်သိမ်းရန် မူဝါဒရှိထားကြောင်း သိရသည်။

