Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

ချင်းပြည်နယ်က စစ်ရေးအခြေအနေကြောင့် မီဇိုရမ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်

0
By Editor on May 14, 2026 Headline

(005MK)

ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာမည်ဆိုသည့်သတင်းကြောင့် မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင် ၈၀၀ ကျော်ထပ်မံဝင်ရောက်လာကြောင်းသိရသည်။

ရိခေါဒါရ်မြို့နှင့် အနီးတဝိုက်ကကျေးရွာများမှ ဒေသခံပြည်သူ ၈၂၀ ဝန်းကျင်သည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ ဘက်သို့ မေလ ၁၂ ရက် နှင့် ၁၃ ရက်နေ့များတွင် အသီးသီးဝင်ရောက်လာကြသည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော် ပြသည်။

မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်များကို နယ်စပ်မှာရှိနေသော အာသံရိုင်ဖယ် နှင့် မီဇိုရမ်ရဲတပ်ဖွဲ့တို့က သေချာစာရင်းပြုစုကာ လက်ခံကြိုဆိုခဲ့သည်ဟုသိရသည်။

စစ်ဘေးရှောင်အများစုသည် ၎င်းတို့၏ မိသားစုဝင်၊ ဆွေမျိုးများထံ ခေတ္တခိုလုံနေကြပြီး တချို့မှာလည်း အိမ်ငှါးလိုက် ရှာကာ နေထိုင်သူများလည်းရှိသည်ဟု သိရသည်။

ယခုလက်ရှိ ဇိုခေါထာရ်ကျေးရွာမှာ ယခင်ကတည်းက နေထိုင်သူ မြန်မာစစ်ရှောင် ၇,၀၀၀ ခန့်ရှိပြီး ယခုအသစ်ဝင် ရောက်လာသူအများစုနှင့် မိသားစုတော်စပ်သူများဖြစ်ကြသည့်အတွက် သီးခြားနေရာထိုင်ခင်းအတွက်စီစဉ်ပေးရန် မလိုအပ်သေးကြောင်း ဇိုခေါထာရ်ကျေးရွာ YMA တာဝန်ရှိသူများကပြောသည်။

စစ်ဘေးရှောင်များသည် ယခင်လို အစုလိုက်ဖြင့်အများအပြားဝင်ရောက်လာခြင်းမဟုတ်သေးသည့်အတွက် လော လောဆယ်တွင် အခက်အခဲမရှိသေးသော်လည်း ချင်းပြည်နယ်ဘက်တွင် ယခုထက်တိုက်ပွဲများပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာနိုင်သောကြောင့် နေရာထိုင်ခင်းအတွက် ခန်းမ၊ အဆောက်အအုံ များကိုမူ ကြိုတင်ပြင်ဆင်ထားသည်ဟု ဇိုခေါထာရ် YMA ကပြောသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့်ဧပြီလ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်း-ဟားခါးလမ်းဘက်ကို ဆက်လက်ထိုးစစ်ဆင်ခဲ့သည်။

ထို့အပြင် တီးတိန်မြို့မှတဆင့် တွန်းဇံမြို့ကိုလည်း စစ်တပ်နှင့် ZRA ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိသည်။

အလားတူ CDF-Hualngoram ထိန်းချုပ်ထားသည့် ရိခေါဒါရ်မြို့ဘက်ကို လည်း စစ်ကြောင်းထိုးလာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ပုံစာ- ရိခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက်(တီအိုချောင်း) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတံတားအနီး

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း- ဟားခါးလမ်းမှာ နှစ်ဖက်ညှပ်ထိုးစစ်ဆင်သော စစ်တပ် တိုက်ခိုက်ခံရ ၊ ဗျူဟာမှူး အပါအဝင်အရာရှိ ၄ ဦး ဒဏ်ရာရရှိပြီး ၄ ဦးသေဆုံး

ကလေးမြို့မှာ ဒုအရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦးကို ကလေးမြို့ UG တပ်ဖွဲ့က ရှင်းလင်း

မဏိပူရ်ပြည်နယ်မှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ သတ်ဖြတ်ခံရမှုအပေါ် မီဇိုရမ်ဝန်ကြီးချုပ် နှင့် မီဇိုရမ်အသင်းတော်များကောင်စီက ပြင်းထန်စွာရှုတ်ချ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.