Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်က ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန်းဒါလ် PDF-Zoland ၏ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ကွယ်လွန်

တီးတိန်က ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန်းဒါလ် PDF-Zoland ၏ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ကွယ်လွန်

0
By Editor on May 13, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင် (ခ) Pa ဦးထန်ခန်းဒါလ် (Thang Khan Dal) သည် ZFU/PDF Zoland ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရစဉ်အတွင်း မေလ ၁၃ ရက်နေ့တွင် ရောဂါအခံဖြင့် ကွယ်လွန် သွားကြောင်း Zomi Federal Union (ZFU) က ထုတ်ပြန်ကြေညာသည်။

ဦးထန်ခန်းဒါလ်သည် စစ်ကော်မရှင်(စကမ) နှင့် ဆက်သွယ်ကာ သတင်းပေးသူဖြစ်ကြောင်း ထင်ရှားသဖြင့် ZFU/PDF Zoland မှ သုံးကြိမ်တိုင်တိုင် သတိပေးခဲ့ကြောင်း ယမန်နေ့ညကထုတ်ပြန်သော ZFU/PDF-Zoland ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ သတင်းပေးပို့မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟုဆိုကာ ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ၎င်းအား တရားဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဟု ဆိုသည်။

အသက် ၇၀ ကျော်အရွယ်ရှိ ဦးထန်ခန်းဒါလ်သည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ၎င်း၏ ရောဂါအခံများဖြစ်သည့် ဆီးချိုရောဂါ/သွေးချိုရောဂါနှင့် သွေးတိုးရောဂါ တို့ကြောင့် မေလ ၁၃ ရက်နေ့တွင် နှလုံးသွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ZFU/PDF Zoland အနေဖြင့် ကွယ်လွန်သူ၏ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ယင်းသေဆုံးမှုအတွက် အမိန့်စာထုတ်ပြန်ကာ အများပြည်သူသိရှိစေရန် အသိပေးခဲ့ခြင်း ဖြစ်ငည်။

အဆိုပါ ဦးထန်ခန်းဒါလ်၏ ကွယ်လွန်ခြင်းနှင့်ပါတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ZFU/PDF Zoland ထံသို့ ဆက်သွယ် မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.