Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့အနီးကို Y- 12 အသုံးပြု၍ ဗုံးအလုံး ၃၀ ကျော်ဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်
ဓါတ်ပုံ - HKL Mindat / ပုံအဟောင်း

မင်းတပ်မြို့အနီးကို Y- 12 အသုံးပြု၍ ဗုံးအလုံး ၃၀ ကျော်ဖြင့် ထပ်မံလေကြောင်းတိုက်ခိုက်

0
By Editor on July 20, 2026 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးနေရာများကို အာဏာသိမ်းစစ်တပ်က Y – 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ Y – 12 ဗုံးကြဲလေယာဉ်မှ မင်းတပ်မြို့အနီး နေရာများကို ဗုံးများကို ၄ လုံးတွဲဖြင့် ၉ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံးအလုံးပေါင်း ၃၀ ကျော် ကြဲချခဲ့သည်ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။

“ဒီမနက် ၆ နာရီဝန်းကျင်ကနေ စပြီးတော့ ဗုံးကြဲလေယာဉ်ကနေ မင်းတပ်မြို့အနီးကို ဗုံးအလုံး ၃၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်သွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို အာဏာသိမ်းစစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးမှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်မှာ မင်းတပ်မြို့ပေါ် ၂ နေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ပေါက်ကွဲအားဖြင့် ဗုံး ၂ လုံးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။

မင်းတပ်၊ ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသကဲ့သို့ နေအိမ်နှင့် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှု ပမာဏ ကြီးမားကြောင်း သိရသည်။

မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်ကို အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ပြီးနောက် ချင်း- မကွေးအစပ်၊ ကျောက်ထုနှင့် ဆောဒေသသို့ စစ်အင်အား ရာချီ ထပ်မံ ဖြည့်တင်းထားသည်ဟု သိရသည်။

ယောဒေသမှတဆင့် ချင်းပြည်နယ်တောင်ပိုင်းသို့ ကုန်စီးဆင်းမှု ဖြတ်တောက်နိုင်ရေးအပါအဝင် ဖြတ်လေးဖြတ် ပြုလုပ်နိုင်ရန် ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ ပန်းဆန်- ရွှေအောင်သာ- ထီးလင်းကားလမ်းမ တစ်လျှောက် စစ်ကြောင်းထိုး၍ နယ်မြေထိန်းချုပ်မှုတွေ ပြုလုပ်နေသည်ဟု သိရသည်။

တစ်လခွဲကျော်လာပြီးဖြစ်သော စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်များကို တော်လှန်ရေးပူးပေါင်းတပ်များက တွန်းလှန်တိုက်ခိုက်လျက်ရှိရာ စစ်တပ်မှ အင်အားရာချီ သေဆုံးပြီး၊ အင်အားရာချီမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသကဲ့သို့ စစ်သုံပန်းများလည်း ဖမ်းဆီးရမိသည်ဟု ချင်းပြည်သူ့အစည်းအရုံးက ဇူလိုင်လဆန်းက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.