Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ရဲဘော် ၂ ဦးနှင့် ဒေသခံ ၁ ဦးတို့ကို လုပ်ကြံသူများအား ခိုလှုံခွင့်ပြုသူကို အရေးယူမည်ဟု CDF – KKG ထုတ်ပြန်

ရဲဘော် ၂ ဦးနှင့် ဒေသခံ ၁ ဦးတို့ကို လုပ်ကြံသူများအား ခိုလှုံခွင့်ပြုသူကို အရေးယူမည်ဟု CDF – KKG ထုတ်ပြန်

0
By Editor on August 16, 2026 Headline

(006SV)

ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF – KKG ၏ ဗဟိုကော်မတီဝင် ၁ ဦး အပါအဝင် ရဲဘော် ၂ ဦးနှင့် ဒေသခံပြည်သူ ၁ ဦးတို့ကို လုပ်ကြံသတ်ဖြတ်သူများအား ခိုလှုံခွင့်ပြုသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု CDF – KKG ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီက ကြေညာသည်။

လုပ်ကြံသတ်ဖြတ်သူများကို ကျူးလွန်သူများနှင့် ၎င်းတို့၏ အချက်အလက်များကို ဖော်ထုတ်နိုင်ပြီဟု ယနေ့ ဩဂုတ်လ ၁၆ ရက်တွင် CDF – KKG က ထုတ်ပြန်သည်။

အမှုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကျန်ရှိနေသေးသည်ဖြစ်၍ လိုအပ်သော အသိပေး ထုတ်ပြန်မှုများကို တရားဝင် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသော ကျူးလွန်သူများကို ခိုလှုံခွင့်ပြုသူ၊ ပံ့ပိုးကူညီသူများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။

မတရားသတ်ဖြတ်ခံရသော CDF – KKG မှ အဖွဲ့ဝင်များနှင့် စစ်ရှောင်အပြစ်မဲ့ ပြည်သူတို့အတွက် တရားမျှတမှု ရရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးတို့ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF – KKG ထံမှ သိရသည်။

ဩဂုတ်လ ၁၂ ရက် ညတွင် CDF – KKG ၏ မြို့နယ်/ ဒေသကိုယ်စားလှယ်နှင့် ဗဟိုကော်မတီဝင် ဖြစ်သူ ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း ၆ မှ ရဲဘော် မဲကြီးနှင့် အပြစ်မဲ့ စစ်ရှောင်ပြည်သူတစ်ဦးတို့ကို တော်လှန်ရေးအမည်ခံ စစ်ကျင့်ဝတ်မရှိသူတချို့က လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု သိရသည်။

တပ်ဖွဲ့ဝင်တချို့ လုပ်ကြံသတ်ဖြတ်ခံရမှုသည် တော်လှန်ရေးကာလအတွင်း ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပြီး နှမြောတသ ယူကျုံးမရဖြစ်ရသည်ဟု CDF – KKG က ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီးကျေးရွာ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးတွင် CDF -KKG တပ်ရင်း ၆ ဥက္ကဌ အပါအဝင် ရဲဘော် ၂ ဦးနှင့် ဒေသခံတစ်ဦးတို့ကို ဒေသတွင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Black Dragon Force တပ်ဖွဲ့မှ ရဲဘော်တချို့က လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.