Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZNP ပါတီက CDM ဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရန်ဖိတ်ခေါ်ခြင်းသည် စည်းလုံးညီညွတ်မှုပြိုကွဲစေရန်ရည်ရွယ်ခြင်းဟု ချင်းပညာရေး CDM ဥက္ကဌ ပြော

ZNP ပါတီက CDM ဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရန်ဖိတ်ခေါ်ခြင်းသည် စည်းလုံးညီညွတ်မှုပြိုကွဲစေရန်ရည်ရွယ်ခြင်းဟု ချင်းပညာရေး CDM ဥက္ကဌ ပြော

0
By Editor on October 27, 2026 Headline

(002MG)

ဇိုမီးအမျိုသားပါတီ (ZNP) ပါတီက CDM ဝန်ထမ်းများကို စစ်အုပ်စုလက်အောက်မှာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ၎င်းတို့ပါတီမှတဆင့် လျှောက်ထားနိုင်သည်ဟု ဖိတ်ခေါ်ခြင်းသည် CDM ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု ပြိုကွဲစေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု ချင်းပညာရေး CDM ဥက္ကဌကပြောဆိုလိုက်သည်။

နေပြည်တော်တွင် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီများဆွေးနွေးပွဲတွင် ဇိုမီးအမျိုးသားပါတီ လည်းတက်ရောက်ခဲ့ပြီး CDM ဝန်ထမ်းများလုပ်ငန်းခွင် ပြန်ဝင်နိုင်ရေးတင်ပြရာမှာ သဘောတူညီချက်ရရှိခဲ့သည်ဟု ZNP ပါတီက အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ZNP ပါတီ၏ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်က CDM ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရန် သတ်မှတ်ထားသည့် ကိုယ်ရေးအချက် အလက် ပုံစံများကိုဖြည့်စွပ်ကာ နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ၎င်းတို့ပါတီမှတဆင့် လျှောက်ထားနိုင် ကြောင်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပညာရေး CDM ဥက္ကဌ ဆလိုင်း ဗန်ဟွေ့ထန်က စစ်အာဏာရှင်များ၏ ထုံးစမ်အတိုင်း Divide & Rule ကို ကျင့်သုံးကာ CDM များ၏ စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင်ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ပြောသည်။

“ဒီဟာကတော့ စစ်အာဏာရှင်ရဲ့ သုံးနေကျ Divide & Rule ပုံစံပါပဲလို့ ကျွန်တော်တို့မြင်ပါတယ်။ ဒီအချိန်မှာတော့ ကျွန်တော်တို့ တကယ့် CDM အစစ်သမားတွေကတော့ ကျွန်တော်တို့ပြည်သူတွေနဲ့ အတူရပ်တည်ပြီးသားဆိုတော့ စစ်ကောင်စီကတော့ ဘယ်လောက်ပဲခေါ်ခေါ် ကျွန်တော်တို့ CDM အစစ်ဆိုရင်တော့ လုံးဝသွားမှာမဟုတ်ဘူး၊ ကျွန်တော်တို့ CDM အဖွဲ့အစည်းကို စည်းလုံးညီညွှတ်မှုမရှိဘဲနဲ့ ကျွန်တော်တို့ကြားထဲမှာ စည်းလုံးညီညွှတ်မှုပြိုကွဲ အောင် လုပ်ဆောင်တဲ့သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် CDM ဘဝဆိုတာက ခက်ခဲသလားဆိုတော့ ခက်ခဲပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ရည်မှန်းချက်၊ ပန်းတိုင်မရောက်ခင်မှာ လမ်းခုလတ်ကနေ ပြန်သွားတာမျိုးတော့ ကျွန်တော်မဖြစ်စေချင်ပါဘူး၊ ဒီအချိန်မှာ လူတိုင်းက ခက်ခဲနေကြတဲ့ကာလဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ ပန်းတိုင်၊ ကျွန်တော်တို့ ရည်မှန်းချက်ကိုရှေးရှုပြီးတော့ ကျွန်တော်တို့ CDM တော်လှန်ရေးကို ဆက်လက်ပါဝင်ပေးကြဖို့ ကျွန်တော်တိုက် တွန်းချင်ပါတယ်။” ဟု ချင်းပညာရေး CDM ဥက္ကဌ ဆလိုင်း ဗန်ဟွေ့ထန်ကပြောသည်။

ဇိုမီးအမျိုးသားပါတီ (ZNP) သည် ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်အုပ်စုက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ အမျိုးသားလွှတ်တော်နေရာ (၃) ဦး၊ ချင်းပြည်နယ်လွှတ်တော်နေရာတွင် (၄) ဦး စုစု ပေါင်းနေရာ (၇) နေ ရာတွင် အနိုင်ရရှိခဲ့သည် ချင်းနိုင်ငံရေးပါတီဖြစ်သည်။

ယခုကဲ့သို့ စစ်အုပ်စုနှင့် ဆွေးနွေးပြီး CDM ဝန်ထမ်းများ ပြန်လည်ဖိတ်ခေါ်သည့်ကိစ္စနှင့်ပတ်သက်၍ ZNP ပါတီ အတွင်းရေးမှုး (၂) Pu Joseph Thang က ယခုလိုပြောဆိုသည်။

“ကျွန်တော်တို့ပါတီကနေပြီးတော့ ပထမဦးဆုံးကမ်းလှမ်းတာမဟုတ်ဘူး။ UEC ကနေပြီးစာလာပို့တော့ CDM ဝင်ချင်တဲ့ သူတွေကို ကျွန်တော်တို့က ချင်းပြည်နယ်ကိုယ်စားပြုကိုး၊ ချင်းပြည်နယ်မှာ CDM ဝင်ချင်တဲ့သူတွေရှိရင် ဒီဖောင်ကို ဖြည့်ခိုင်းပါဆိုပြီးတော့ UEC က စာလာပို့တာဖြစ်တယ်။ စာလာပို့တဲ့အတွက်ကြောင့် UEC ရဲ့စေညွှန်းချက်ဖြစ်တဲ့ အတွက်ကြောင့် ZNP ကနေပြီးထုတ်ပြန်လိုက်တာဖြစ်တယ်။ ကျွန်တော့်စီမှာ ရောက်လာတာကတော့ မေးတဲ့သူတွေ ကတော်တော်လေးများတယ်၊ ချင်းပြည်နယ်က များတယ်။ ဒါပေမယ့် ဖောင်နဲ့ပြန်ပို့တဲ့ဟာက သုံးယောက်လောက်ပဲရှိ တယ်၊ တီးတိန်ကနှစ်ယောက်၊ ဟားခါးက တစ်ယောက်ပါ”ဟု Pu Joseph Thang ကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် အစိုးရဝန်ထမ်း များသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) မှာပါဝင်လာခဲ့ကြပြီး အစိုးရဝန်ထမ်းစုစုပေါင်း ၂ သောင်း ကျော်ရှိသည့် ချင်းပြည်နယ်တွင် CDM ပြုလုပ်သူ တစ်သောင်းလေးထောင်ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ % ကျော်ရှိ ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အာဆီယံ ခေါင်းဆောင်များထံ မြန်မာလူထု၏ ဆန္ဒကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးရန် ချင်းအပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၇ ဖွဲ့ တောင်းဆို

ကလေးမြို့မှာ စစ်မှုထမ်းတပ်သားအတွက်ပေါ်တာဆွဲ ဖမ်းဆီးမှုပိုဆိုးလာ၊ လူမှုစီးပွားဘဝ ထိခိုက်မှု ပိုများလာ

စစ်တပ်ထိန်းချုပ်ထားသည့် ဟားခါး-ဖလမ်း လမ်းပေါ်တွင် သားအမိ ၃ ဦးနှင့် သုံးဘီးယာဉ်မောင်းတို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 3, 2026

အာဆီယံ ခေါင်းဆောင်များထံ မြန်မာလူထု၏ ဆန္ဒကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးရန် ချင်းအပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၇ ဖွဲ့ တောင်းဆို

November 3, 2026

ကလေးမြို့မှာ စစ်မှုထမ်းတပ်သားအတွက်ပေါ်တာဆွဲ ဖမ်းဆီးမှုပိုဆိုးလာ၊ လူမှုစီးပွားဘဝ ထိခိုက်မှု ပိုများလာ

November 3, 2026

သဘာဝဘေးအန္တရာယ်များကြောင့် ရွှေ့လျားသွားသည့် မြေမြှုပ်မိုင်းနှင့် တခြားပေါက်ကွဲစေတတ်သောပစ္စည်းများ အန္တရာယ်ဆိုင်ရာ ပြည်သူ့အသိပညာပေး သတိပေးချက်

November 2, 2026

စစ်တပ်ထိန်းချုပ်ထားသည့် ဟားခါး-ဖလမ်း လမ်းပေါ်တွင် သားအမိ ၃ ဦးနှင့် သုံးဘီးယာဉ်မောင်းတို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.