(002MG)
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှု ကြောင့် စက်တင်ဘာလအတွင်း အမျိုး သမီး (၅၈) ဦးသေဆုံးခဲ့ပြီး (၆၅) ဦး ထိခိုက် ဒါဏ်ရာ များရရှိခဲ့ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) က သတင်းထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ မှ (၃၀) ရက်နေ့အထိ တစ်လအတွင် ချင်းပြည်နယ်အပါအဝင် တိုင်း နှင့် ပြည်နယ် (၁၀) ခုတွင် စစ်တပ်၏ လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း အမျိုးသမီး (၅၈) ဦးအထိ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
၎င်း သေဆုံးသူ (၅၈) ဦးထဲတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄၈) ဦး၊ လက်နက်ကြီး ပစ် ခတ်ခံရမှုကြောင့် (၇) ဦး၊ ကျည်ထိမှန်မှုကြောင့် (၁) ဦး၊မတရားသတ်ဖြတ်ခံရမှုကြောင့် (၁) ဦးနှင့် မြေ မြှုပ်မိုင်းကြောင့် (၁) ဦး တို့သေဆုံးခဲ့ရသည်။
အဆိုပါ သေဆုံးခဲ့ရသည့် အမျိုးသမီး (၅၈) ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် (၆) ဦး နှင့် မသန်စွမ်းအမျိုးသမီး (၁) ဦး ပါဝင်သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအပြင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး (၆၀) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီး (၃) ဦး၊ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး (၂) ဦး တို့ဖြစ် ကြသည်။
တိုင်းနှင့်ပြည်နယ် (၁၀) ခုထဲတွင် ရခိုင်ပြည်နယ်က (၁၇) ဦး ဖြင့် အမျိုးသမီးသေဆုံးသူအများ ဆုံးဖြစ် ကာ မကွေးတိုင်းတွင် (၁၃) ဦး၊ စစ်ကိုင်းတိုင်းတွင် (၁၁) ဦး၊ မန္တလေးတိုင်းတွင် (၇) ဦး၊ ကရင်နီပြည် နယ်တွင် (၅) ဦး၊ တနင်္သာရီတိုင်းတွင်း (၁) ဦး၊ ရှမ်းပြည်နယ်တွင် (၁) ဦး၊ ကရင်ပြည် နယ်တွင် (၁) ဦး၊ မွန်ပြည်နယ်တွင် (၁) ဦးနှင့် ချင်းပြည်နယ်တွင် (၁) ဦး တို့ဖြစ်ကြသည်။
အာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင်အမျိုး မျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေသောကြောင့် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့် အရေးချိုးဖောက်မှုပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံးနေကြရခြင်းဖြစ်သည်ဟု အမျိုး သမီးသမဂ္ဂ (BWU) က ဆိုသည်။
