(004SS)
မလေးရှားနိုင်ငံ၊ Maluri ရပ်ကွက်တွင် ချင်းလူမျိုးအချင်းချင်းကြား စကားများရန်ဖြစ်ရာမှာ ကတ်ကြေးဖြင့်အထိုးခံရမှု ကြောင့် ချင်းလူငယ်တစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Khuafo ရွာဇာတိ အသက် ၂၃ နှစ်အရွယ် Van Lal Chawn ဖြစ်ပြီး၊ ဂန့်ဂေါခရိုင်၊ ဟံသာဝတီရွာဇာတိ Pu Biak Hlei က ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်းဟု သေဆုံးသွားသူ၏ ဆွေမျိုး နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းတွင် အရက်သောက်ရာမှ စကားများရန်ဖြစ်ပြီးနောက် Pu Biak Hlei က သူငယ်ချင်းအချို့နှင့်အတူ လမ်းခုလတ်တွင် စောင့်ကြိုကာ Van Lal Chawn အား ကတ်ကြေးဖြင့် တစ်ချက် ထိုးသွားခဲ့ခြင်းဟု ဆိုသည်။
ဒဏ်ရာရရှိသူ Van Lal Chawn ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသော်လည်း ယနေ့ အောက်တိုဘာ ၇ ရက်နေ့မနက်ပိုင်း ၉ နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ Pu Biak Hlei ကို ယနေ့မနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက Maluri ရပ်ကွက်အတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။
သေဆုံးသူအတွက် နာရေးဝတ်ပြုဆုတောင်းပွဲကို ယနေ့ည ၈ နာရီတွင် KCCM ဘုရားကျောင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
