(004SS)
ချင်းအမျိုးသားအဖွဲ့ချုပ် CNO-UCR ရဲဘော်များ၏ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူထောက်ပံ့နိုင်ရန်အတွက် ယနေ့ အောက်တိုဘာ ၇ ရက်နေ့မှစတင်ကာ ပြည်သူများထံ အလှူငွေ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလှူငွေကောက်ခံခြင်းသည် အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းမဟုတ်ဘဲ အဖွဲ့အစည်းကို အားပေးထောက်ခံ သူများ၊ နီးစပ်သူများနှင့် လက်လှမ်းမှီသမျှ မိဘပြည်သူများထံမှ တတ်နိုင်သမျှ ကူညီပံ့ပိုးပေးနိုင်ရန် မေတ္တာရပ်ခံ တောင်းခံ ခြင်းဖြစ်ကြောင်း CNO-UCR အလုပ်အမှုဆောင် အတွင်းရေးမှူး Salai James Lai Nun Thiang က ပြောသည်။
“ငွေကြေးကောက်ခံတာမဟုတ်ဘဲနဲ့ အလှူငွေကောက်ခံခြင်းဖြစ်တယ်။ အားပေးထောက်ခံသူတွေနဲ့ ရင်းနှီးတဲ့သူတွေ ပြီးရင် လက်လှမ်းမှီသလောက်ပေါ့နော် သူတို့ဆီ အလှူခံသွားမှာပါ။ ရဲဘော်တွေအတွက်ပါ။ အဓိကအစားအသောက် နဲ့ဆေးဝါး ဝယ်ဖို့အတွက်ပေါ့နော်” ဟု ၎င်းက ပြောသည်။
ယခုလို အလှူငွေ တောင်းခံချိန်တွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီပေးသွားကြရန်လည်း ၎င်းက ပြောသည်။ အကူအညီတောင်းခံစာများကိုမူ တတ်နိုင်သမျှ ကူညီပေးနိုင်မည့် ပုဂ္ဂိုလ်များထံသို့သာ အလေးအနက်ထား သီးသန့်ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
