Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

ချင်းပြည်နယ်အထက်တန်းကျောင်းတိုင်းတွင် ကွန်ပျုတာ တပ်ဆင်တော့မည်

0
By Editor on June 4, 2013 Headline

ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် စီအဲန်အက်ဖ် ပါတီအထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးတို့မှ ဘန်ကောက်မြို့တွင် နှစ်ဖက်လက်မှတ်ထိုး လိုက်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်နိုင်မည်ဟု သိရသည်။

တန်ဖိုးအားဖြင့် ဒိန်းမတ် ငွေCr. 5000000 ( USD 800000) ထောက်ပံ့မည်ဖြစ်ပြီး အစိုးရနှင့် စီအဲန်အက်ဖ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီအဲန်အက်ဖ်၏ လူထုတွေ့ဆုံပွဲ အတွက်လည်း ပါဝင် မည်ဖြစ်သည်ဟု ဒေါက်တာရွှေခါးက ပြောသည်။

“အထက်တန်းကျောင်းတန်း ၁၅ ဦးမှာ ကွန်ပျူတာ တလုံးကျစီ အသုံးပြုနိုင်ဖို့ ခန့်မှန်းထားပါတယ်၊ ၈ တန်းကနေ ၁၀ တန်းအထိ ကွန်ပြူတာသင်ပြနိုင်မယ့်ဆရာတွေရှိပေမဲ့ ကွန်ပြူတာ အင်တာနက်မရှိဘူးပေါ့၊ အဲဒါတွေအတွက် တပ်ဆင်နိုင် ဖို့ကြိုးစားထားတာပါ” ဟု ပြောသည်။

ထို့အပြင် လျှပ်စစ်မီးအားနည်းချက်ကြောင့် လိုအပ်သော Generator, ဓါတ်ဆီများကိုလည်း တနေ့ ၄ နာရီစာ အလုံအ လောက်ပံ့ပိုးသွားကြမှာဖြစ်သည်ဟု ကြားသိရသည်။

ချင်းပြည်နယ်ရှိအထက်တန်းကျောင်း ၃၀ တွင် တပ်ဆင်သွားကြမှာဖြစ်ကြောင်း ယခုနှစ်အတွင်း ဖွင့်လှစ်ထားသည့် အ ထက် တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများ မပါဝင်သေးကြောင်း ထပ်မံသိရသည်။

“ အထူးအထူးကို ၀မ်းသာတယ်ဗျာ၊ သင်စရာမြင်စရာ စာအုပ်စာပေတွေ မရှိတဲ့ ချင်းပြည်နယ်အထက်တန်းကျောင်းတွေမှာ အင်တာနက်တွေတပ်ဆင်နိုင်ယင် ကျောင်းဆရာက အစ ကျောင်းသားတွေလည်း အသိပညာဗဟုသုတတွေ တိုးပွားလာ မှာပေါ့” ဟု လိုင်လင်းပီအထက်တန်းကျောင်းဆရာ တဦးက ပြောသည်။

ကွန်ပျူတာ အင်တာနက် ထိန်းသိမ်းရေးအတွက် စီမံခန့်ခွဲရေး ကော်မီတီကို ချင်းပြည်နယ်အစိုးရမှ တဦး စီအဲန်အက်ဖ် လိုင်စင်ရုံးမှ တဦး၊ ကျောင်းဆရာများမှ တဦး၊ ကျောင်းသားမိဘများဖက်မှ တဦး၊ ရပ်မိရပ်ဖမှ တဦး  စသဖြင့် ဖွဲ့စည်းသွား မည်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Comments are closed.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.