Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော

နိုင်ငံရေးပြသာနာ အဖြေရှာရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ၂၁ ရာစုပင်လုံဟု သမ္မတ ဦးထင်ကျော်ပြော

0
By Editor on February 22, 2017 Headline

နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တစ်ခုတည်းသောလမ်းကြောင်း သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖလမ်းမြို့တွင် ကျင်းပသော ၆၉ နှစ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားမိန့်ခွန်းတွင်ပြောဆိုလိုက်သည်။

“နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဘဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည် သူတွေနှစ်ပေါင်း များစွာ မျှော်လင့် တောင်းတနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ကနေတဆင့်လျှောက်လမ်းရနိုင်မှာဖြစ်ပါတယ်’’ ဟု သမ္မတကပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ-၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားများလိုလားတောင်းတနေသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းချက်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ်ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်း ချက် ပြည့်ဝအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။

ထို့အပြင် မကြာခင်ကာလအတွင်း ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မည့်အပေါ် ၀မ်းမြောက်ကြောင်း သမ္မတက ပြောသည်။ ချင်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ထန်တလန်မြို့ နယ်တွင် သုံးရက်ကြာကျင်းပကြမည်ဖြစ်သည်။

ဖလမ်းမြို့ ရာပြည့်ကွင်းတွင် ကျင်းပသော ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌနှင့်အဖွဲ့များ၊ ချင်းနိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကြောင့် မေလအတွင်း အရပ်သား ၁၄ ဦးသေဆုံးဟု Women for Justice ထုတ်ပြန်

ယနေ့မနက် မင်းတပ်မြို့အရှေ့ခြမ်းကို စစ်တပ်က Y-12 ဖြင့် ဗုံး ၇၀ ကျော်ကြဲ

ဇိုတုန်းဒေသ ကားလမ်းများ အသုံးပြုရာတွင် မိုးရာသီယာဉ်စည်းကမ်းများ လိုက်နာရန် ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.