Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မြန်မာ့တပ်မတော် တပ်သား (၆) ဦးက လျှပ်စစ်ဝန်ထမ်းတစ်ဦးကို ရိုက်နှက်မှုဖြစ်ပွား

မြန်မာ့တပ်မတော် တပ်သား (၆) ဦးက လျှပ်စစ်ဝန်ထမ်းတစ်ဦးကို ရိုက်နှက်မှုဖြစ်ပွား

0
By Editor on May 3, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင်အခြေစိုက်လျှက်ရှိသော ချင်းပြည်နယ်စစ်ဗျူဟာ (၂) လက်အောက်ခံ ခလရ (၁၄၀) မှ စစ်သား (၆) ယောက်က လျှပ်စစ်မီးဖြတ်တောက်သည်ဟုဆိုကာ လျှပ်စစ်ဝန်ထမ်းတစ်ဦးကို ၀ိုင်းရိုက်နှက်သည့်ဖြစ်ရပ် ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ထံမှ သတင်းရရှိသည်​။

မတူပီမြို့ ဘုံတလာရေအားလျှပ်စစ်စက်ရုံတွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သော Salai Boi Ha အသက် (၃၀) သည် ပြီးခဲ့သည့်ဧပြီလ၂၀ ရက် စနေနေ့ညတွင် ရေအားနည်းခြင်းကြောင့် ခလရ (၁၄၀) တပ်ရင်းဖက်ပေးနေသော လျှပ်စစ်မီးအား ခဏပိတ်​ခဲ့မှုကို မကျေမနပ်ဖြစ်ကာ စစ်သား (၆) ဦးတို့သည် အသင့်ယူဆောင်လာခဲ့ကြသော ကျွန်းသား (ကျွန်းသစ်ပျဉ်) ထင်းချောင်းကို ကိုယ်စီကိုင်လာကြပြီး လျှပ်စစ်ဝန်ထမ်းတန်းလျားသို့ အရပ်ဝတ်ဖြင့်လာကြကာ “ဘာကြောင့်မီးပိတ်ရသလဲ” ဟုဆိုကာ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု CHRO က​ပြောသည်​။

ထိုကဲ့သို့ ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသည့်အတွက် ဆလိုင်းဘွေဟားသည် ဦးခေါင်းတစ်နေရာကွဲပြဲပြီး ဘယ်ဖက်လက်ညိုးတစ်ချောင်း ကြိုးသွားသည်ဟု သိရသည်။

ဆလိုင်းဘွေဟားကို ရိုက်နှက်သူများသည် ခလရ (၁၄၀) မှ တပ်းရင်းမှူး ဗိုလ်မှူးကျော်ကျော် လက်အောက်ခံစစ်သားများဖြစ်ကြပြီး ၎င်းတိုကို ယခု စစ်ဗျူဟာတပ် အချူပ်ထဲတွင် အကုန်လုံးချုပ်နှောင်ထားပြီဖြစ်ကြောင်းကို တပ်ရင်းမှူးရဲ့ပြောကြားချက်အရ သိရှိရကြောင်း ဆလိုင်းဘွေဟားက ပြောဆိုပါသည်။

ဆလိုင်းဘွေဟားက “မတူပီမြို့ ဘုံတလာရေအားလျှပ်စစ်စက်ရုံးမှာ မိုးတွင်းနှင့် ဆောင်းရာသီမှာတော့ ရေများသဖြင့် ဖနိုင်ကျေးရွာ၊ မတူပီမြို့ စံဘောင်ရပ်ကွက်၊ ခလရ (၁၄၀) တပ်ရင်း၊ စစ်ဗျူဟာတပ်ရင်းနှင့် ခမရ (၃၀၄) တပ်ရင်းတွေကို တစ်ရက်ခြား မီးပေးခဲ့ရပါတယ်၊ ဒါပေမယ့် နွေရာသီ အဓိက (ဧပြီ+မေ) နှစ်လအတွင်းကတော့ ရေနည်းတဲ့အတွက်ကြောင့် ဖနိုင်နှင့်စံဘောင်ရပ်ကွက်ဖက်ကိုတော့ မီးလုံးဝမပေးတော့ဘဲ ကျန်တဲ့ စစ်ဗျူဟာ၊ ခမရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်းကိုတော့ တစ်ရက်မှာ တစ်နာရီခွဲ (၁း၃၀) စီ အဲ့လိုပုံမှန်ပေးနေရတယ်၊ အရင်နှစ်တွေလည်း ခုလိုပေးနေကျဖြစ်တယ်၊ ဒါကို သူတို့ဟာဘဲလို့ ထင်နေကြသလားမသိဘူး၊ နောက် ၄.၅.၂၀၁၉ ရက်နေ့ တွေ့တဲ့အခါမှာ ကျနော့်ကို ရိုက်နှက်တဲ့ စစ်သားတွေကို အကုန်လုံးခေါ်လာဖို့ ပြောထားတယ် အဲ့နေ့မှာဘဲ ပြန်မေးရအုန်းမယ်” ဟု ချင်းလူအခွင့်အရေးအဖွဲ့ထံသို့ ပြောဆိုကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ CHRO ပတ်သက်ပြီး Field Director ဆလိုင်းတေရာက “အခုလိုမျိုး အဲလိုရိုက်နှက်တာက မလုပ်သင့်ဘူး ဒါဟာ ဒုစရိုက်လုပ်ရပ်တစ်ခုပါ ဘာဖြစ်လို့လဲဆိုရင် ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်းတစ်ခုကတော့ အဲလိုမလုပ်သင့်ဘူး တကယ်လို့များ သူတို့က အဲဒီဝန်ထမ်းက တကယ်လို့ တာဝန်မကျေရင်တော့ လုပ်ထုံးလုပ်နည်းအရပေါ့ သူတို့က အရေးယူသင့်တယ် အဲလို ဒုစရိုက်ဆန်တဲ့လုပ်ရပ်ကတော့ မဖြစ်သင့်ဘူး ဂုဏ်သိက္ခာလည်းမရှိဘူး အဲဒါကြောင့် နောက်နောင်မှာလည်း ပြည်သူပဲဖြစ်ဖြစ် ၀န်ထမ်းပဲဖြစ်ဖြစ် လက်နက်အားကိုးခြင်းနဲ့ အနိုင်ကျင့်တာတော့ မဖြစ်သင့်ဘူး” ဟုပြောသည်။

၎င်းကိစ္စကို စစ်တပ်ဖက်က ကြေအေးဖို့ ကမ်းလှမ်းလာခဲ့သော်လည်း အမျိုးများမှ မတူထုံးတမ်းစဉ်လာအရ စာချူပ်စာတမ်းပြုလုပ်ကာ လျော်ကြေးပေးမည်ဆိုပါက ကြေအေးပေးနိုင်ကြောင်း၊ ထိုကဲ့သို့ မလိုက်လျောနိုင်ပါက အမှုဖွင့်တိုင်ကြားမည်ဟုပြောဆိုကာ လာမည့် စနေနေ့ မေလ ၄ ရက်နေ့တွင် ပြန်လည်ဆွေးနွေးကြရန် ရက်ချိန်းထားကြသည်ဟု သိရှိရသည်။

Photos CHRO

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.