Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လူကုန်ကူးခံရသည်ဟုယူဆရသော အသက်မပြည့်ကလေးငယ် (၁၂) ဦးကို မီဇိုရမ်တွင်ဖမ်းဆီးရမိ

လူကုန်ကူးခံရသည်ဟုယူဆရသော အသက်မပြည့်ကလေးငယ် (၁၂) ဦးကို မီဇိုရမ်တွင်ဖမ်းဆီးရမိ

0
By Editor on May 9, 2019 Khonumthung

By မိုး​ကျော်​ – လူကုန်ကူးခံရသည်ဟု ယူဆရ​​သော ဘင်္ဂလား​​ဒေရှ့်  ဒုက္ခသည် စခန်းမှ အသက်မပြည့် က​​လေးငယ် ​၁၂ ဦးကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Edenthar ရပ်ကွက်တွင် ရဲနှင့် Young Mizo Association (YMA) တို့ ပူးပေါင်းပြီး ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ယခုလို လူကုန်းကူးခံရသည်ဟုယူဆရသော အသက်မပြည့် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ တို့ကို Edenthar ရပ်ကွက်ရှိ Pi Denghliri နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ လူကုန်ကူးခြင်းခံနေရသည်ဟုယူဆရသော လူမျိုးခြား ၁၂ ဦးတို့ တည်းခိုးရာအိမ်ပိုင်ရှင် Pi Denghliri ပြောဆိုချက်အရ အမဖြစ်သူ၏ သမီး ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင်နေထိုင်သူက Madiki က ကျမနေအိမ်တွင် တည်းခိုခိုင်းရန်နှင့် ကားဖြင့်လာခေါ်မည်ဖြစ်ကြောင်း ပြောဆိုသည်ဟု ထွက်ဆိုခဲ့ပြီး ယခုအကြိမ်သည် ငါးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းလည်း ထွက်ဆိုခဲ့သည်။

ယခုလို ဖမ်းဆီးခံထားရသော ၁၂ ဦးတို့မှာ တရားဝင်နေထိုင်ခွင့်အထောက်အထားတစ်ခုမှမရှိကြောင်း၊ ကုလားစကားလည်း မတတ်ကြကြောင်း သိရပြီး၊ ၎င်းတို့ကို ဘင်္ဂလား​​ဒေရှ့်​ ဒုက္ခသည် စခန်းမှ အာ​​သံပြည်နယ်သို့ ခေါ်ဆောင်လာကြပြီး၊ ထို့​နောက်​ မီဇိုရမ်ပြည်နယ်ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းေ​ဒသထုတ် သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် Young Mizo Association (YMA) ဥက္ကဌ Pu Vanlalruata က ဒီ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က မီဇိုရမ်ရဲများနှင့် တွေ့ဆုံးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီဖြစ်ကြောင်း၊ အထောက် အထားတစုံတခုမှမရှိတဲ့သူများကို မီဇိုရမ်-သာသံပြည်နယ် Vairengte ဂိတ် နှင့် အိန္ဒိယ-မြန်မာနယ်စပ် ဇိုးခေါထား စစ်ဆေးရေး ဂိတ်ကနေတဆင့် ဝင်ထွက်သွားလာသည့်ကိစ္စကို မီဇိုရမ်အစိုးရအနေဖြင့် သေချာ စစ်ဆေး ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.