Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီး

တီးတိန်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီး

0
By Editor on May 9, 2019 Khonumthung

By မိုး​ကျော်​ – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တရားမဝင် သစ်များကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်များကို တီးတိန်မြို့နယ် ရန်မျိုးအောင်ရွာနားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ အင်သစ်လုံး၊ ခွဲသားဆိုဒ်စုံ (၂၇၀) လုံး စသည့် သစ်အလေးချိန် (၁၈) တန်​ကျော်​အား ဖမ်းဆီးရမိကြောင်း The Ladies News တွင် ဖော်ပြသည်။

အလားတူ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သော တရားမဝင် ကျွန်းသစ်များကို မေလ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ခုလို ဖမ်းဆီးရမိသော တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ် သစ်ခွဲသားဆိုဒ်စုံ (၃၃) တုံး၊ အလေးချိန် (၃) တန်နှင့်အတူ ယာဉ်မောင်း အသက် ၂၆ နှစ်အရွယ် ဦးကျင်ဆွမ်းမုန် နှင့် ယာဉ်ပိုင်ရှင် အသက် ၂၆ နှစ်အရွယ် ကလေးမြို့ ဒိုးဝိုင်းချောင်းကျေးရွာ နေ ဦးလျန်ကပ်ထန်တို့အား ဖမ်းဆီးပြီး သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ဓာတ်​ပုံ – ရိ ပြန်​/ဆက်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.