၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံကြောင်း ကလေးမြို့လူထု (၅၀၀၀) ကျော်က ဆန္ဒဖော်ထုတ်

0

By လားနွန် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံသည့်အနေဖြင့် ကလေးမြို့လူထု (၅၀၀၀) ကျော်က ယနေ့နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇမှုန်၊ ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်နှင့် ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်တို့လည်း ပြည်သူလူထုနှင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၅ ဦးပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ဖို့ အချက်ပေါင်း ၃၇၆၅ ချက်ကို စုစည်းပြီး တင်သွင်းခဲ့သည်။

Share.

About Author

Leave A Reply

*

code