Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် ကျပ်သိန်းပေါင်းခုနှစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ကလေးမြို့တွင် ကျပ်သိန်းပေါင်းခုနှစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0
By Editor on September 11, 2019 Khonumthung

By လားနွန် – ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ လိုင်မုန်းလမ်းမပေါ်တွင် ယမန်နေ့ စက်တင်ဘာလ (၁၀) နေ့က ကျပ်သိန်း (၇၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ချင်းအမျိုးသားတစ်ဦးထံမှ ဖမ်းဆီးရမိကြောင်းသိရသည်။

မူးယစ်ဆေးဝါးသတင်းအရ တာဟန်းရဲစခန်း၊ စခန်းမှူး ဒုရဲအုပ်စိုးသီဟလွင်တို့အဖွဲ့သည် ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်၊ လိုင်မုန်းလမ်းမပေါ်တွင် စောင့်ဆိုင်းနေခဲ့ပါသည်။

ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ဆာလာအိတ်နှစ်ထုပ်အား Kenbo 125 ဆိုင်ကယ်ပေါ်တွင်တင်ဆောင်ပြီး မောင်းနှင်လာသည့်လူတစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရမှ ယခုလိုဖမ်းဆီးရမိကြောင်းသိရသည်။

ဆိုင်ကယ်မောင်နှင်းလာသူသည် ဦးရွာလ်ဒုသောင် (ခ) တင်ရွှေ၊ အသက် (၄၂) နှစ်ဖြစ်ပြီး ကလေးမြို့၊ မြို့လှရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့များစစ်ဆေးတွေ့ရှိချက်အရ ၎င်းဆာလာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ဆေးပြား (၂၄၆၅၀၀) ပြားရှိပြီး WY တစ်ပြားလျှင် ကာလပေါက်ဈေး (၃၀၀၀/-) ကျပ်ရှိကာ ဖမ်းဆေးရမိသည့် စုစုပေါင်းတန်ဖိုးမှာ ကျပ် (၇၃၉,၅၀၀,၀၀၀/) ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။ လက်ရှိတွင် ဦးရွာလ်ဒုသောင်အား ကလေးမြို့၊ မြို့မရဲစခန်းတွင် ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

HPO/CDF-Hualngoram က ရိခေါဒါရ်မြို့ မူကြိုကျောင်းမှာ ဘိန်းဖြူဟောင် ၄၀၀ ကျော်ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.