ပလက္၀တြင္ ေက်ာင္းသား (၅၀၀) နီးပါး တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ပ်က္ကြက္

0

#Zawgyi

By လားႏြန္ – စစ္မက္ျဖစ္ပြားရာေဒသ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲကို စာစစ္ဌာနအသီးသီးယေန႔စတင္ေျဖဆိုခဲ့ၾကေသာ္လည္း ေက်ာင္းသားေက်ာင္းသူ (၅၀၀) နီးပါးက ေျဖဆိုရန္ ပ်က္ကြက္ခဲ့ၾကသည္ဟု သိရသည္။

တကၠသိုလ္၀င္တန္းစားေမးပြဲကို ယေန႔မတ္လ (၁၁) ရက္ေန႔ကစ၍ တစ္ႏုိင္ငံလံုးတြင္ စတင္ေျဖဆိုခဲ့ၾကၿပီး  စာစစ္ဌာန (၅) ခုရွိေသာ ပလက္၀ၿမိဳ႕နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူ (၂၆၉၀) ရွိသည့္အနက္ (၂၂၁၇) ဦးကသာ ေျဖဆိုခဲ့ၾကၿပီး (၄၇၃) ဦးက ေျဖဆိုရန္ပ်က္ကြက္ၾကသည္ဟု  ပလက္၀ၿမိဳ႕နယ္ပညာေရးမွဴး ဆလုိင္းေအာင္မင္းကေျပာသည္။

“ေက်ာင္းတြင္းက ေက်ာင္းသားေတြအားလံုးေတာ့ လာေရာက္ေျဖဆိုႏုိင္ၾကတယ္၊ လမ္းပန္းဆက္သြယ္ေၾကာင့္လည္း ပါမယ္ထင္တယ္၊ အျပင္ေျဖေတြက ပ်က္ကြက္တာပိုမ်ားတယ္” ဟု ပညာေရးမွဴးဆလိုင္းေအာင္မင္းကေျပာသည္။

ပလက္၀ျမိဳ႕ေပၚရိွ အ.ထ.က (၁) စာစစ္ဌာန (၂) သည္ ပ်က္ကြက္သူအမ်ားဆံုးျဖစ္ျပီး ေက်ာင္းသား (၂၀၀) ေက်ာ္ ပ်က္ကြက္ခဲ့သည္ဟုလည္း ပညာေရးမွဴးကဆက္ေျပာသည္။

ပလက္၀ၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္ရွိ ၿမိဳ႕နယ္မ်ားအလံုးတြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ပ်က္ကြက္သူ အမ်ားဆံုးျဖစ္သည္။

ယခုကဲ့သို႔ စာေမးပြဲေျဖဆိုရန္ ပ်က္ကြက္မႈမ်ားရသည့္အေၾကာင္းရင္းကိုမူ မသိရေသာ္လည္း ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (AA) တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ လံုျခံဳေရးအေျခအေနအရ လမ္းပန္းဆက္သြယ္ေရးခက္ခဲမႈမ်ားေၾကာင့္လည္း ျဖစ္ႏုိင္သည္ဟု ယူဆၾကသည္။

လက္ရွိတြင္ ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ႏွင့္ ပလက္၀အၾကား ေရလမ္းေၾကာင္းမ်ား ပိတ္ထားရသည့္အေျခအေန ျဖစ္ေနသည့္အျပင္ ပလက္၀ၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသည္။

ခ်င္းျပည္နယ္တြင္ တကၠသိုလ္၀င္တန္းစာေမးပြဲေျဖဆိုရန္ ေက်ာင္းသား/ေက်ာင္းသူ စုစုေပါင္း (၁၄၁၇၇) ရွိသည့္အနက္ (၁၂၃၇၄) ဦးကေျဖဆိုခဲ့ၾကၿပီး ေက်ာင္းသား/ေက်ာင္းသူ (၁၀၈၃) ဦးက ေျဖဆိုရန္ပ်က္ကြက္သည္ဟု သိရသည္။

#Unicode

By လားနွန် – စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနအသီးသီးယနေ့စတင်ဖြေဆိုခဲ့ကြသော်လည်း ကျောင်းသားကျောင်းသူ (၅၀ဝ) နီးပါးက ဖြေဆိုရန် ပျက်ကွက်ခဲ့ကြသည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းစားမေးပွဲကို ယနေ့မတ်လ (၁၁) ရက်နေ့ကစ၍ တစ်နိုင်ငံလုံးတွင် စတင်ဖြေဆိုခဲ့ကြပြီး  စာစစ်ဌာန (၅) ခုရှိသော ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ (၂၆၉၀) ရှိသည့်အနက် (၂၂၁၇) ဦးကသာ ဖြေဆိုခဲ့ကြပြီး (၄၇၃) ဦးက ဖြေဆိုရန်ပျက်ကွက်ကြသည်ဟု  ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းတွင်းက ကျောင်းသားတွေအားလုံးတော့ လာရောက်ဖြေဆိုနိုင်ကြတယ်၊ လမ်းပန်းဆက်သွယ်ကြောင့်လည်း ပါမယ်ထင်တယ်၊ အပြင်ဖြေတွေက ပျက်ကွက်တာပိုများတယ်” ဟု ပညာရေးမှူးဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့ပေါ်ရှိ အ.ထ.က (၁) စာစစ်ဌာန (၂) သည် ပျက်ကွက်သူအများဆုံးဖြစ်ပြီး ကျောင်းသား (၂၀ဝ) ကျော် ပျက်ကွက်ခဲ့သည်ဟုလည်း ပညာရေးမှူးကဆက်ပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်ရှိ မြို့နယ်များအလုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ အများဆုံးဖြစ်သည်။

ယခုကဲ့သို့ စာမေးပွဲဖြေဆိုရန် ပျက်ကွက်မှုများရသည့်အကြောင်းရင်းကိုမူ မသိရသော်လည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လုံခြုံရေးအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့်လည်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ပလက်ဝအကြား ရေလမ်းကြောင်းများ ပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည့်အပြင် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၁၇၇) ရှိသည့်အနက် (၁၂၃၇၄) ဦးကဖြေဆိုခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၁၀၈၃) ဦးက ဖြေဆိုရန်ပျက်ကွက်သည်ဟု သိရသည်။

Share.

About Author

Leave A Reply