Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပါတီမူဝါဒ၊ သဘောထားများ ပြင်ဆင်ပယ်ဖျက်ခံရမှုကြာင့် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ဟု CNLD ပါတီပြော

ပါတီမူဝါဒ၊ သဘောထားများ ပြင်ဆင်ပယ်ဖျက်ခံရမှုကြာင့် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ဟု CNLD ပါတီပြော

0
By Editor on October 6, 2020 Headline

#Unicode

BY လားနွန် – နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်တွင် ဟောပြောထုတ်လွှင့်မည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ မူဝါဒ၊သဘောထား၊ လုပ်ငန်းစဉ်ပါအကြောင်းအရာစာသားတစ်ချိူ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြင်ဆင်ပယ်ဖျက်သည့်အတွက် ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း CNLD ပါတီကပြောဆိုလိုက်သည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ပါတီမူဝါဒ၊ သဘောမထားများ နှင့် လုပ်ငန်းစဉ်များမှ အဓိကအရေးပါသော စာသားတစ်ချိူ့ပယ်ဖျက်ခံလိုက်ရသည့်အတွက် နိုင်ငံပိုင်ရေဒီိယိုနှင့် ရုပ်မြင်သံကြားတွင် ဟောပြောထုတ်လွှင့်မှုအစီစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်းပဲ ကျနော်တို့တင်ပြထားတဲ့ တော်တော်များများ ရွေးကောက်ပွဲကော်မရှ င်ကနေပြီးတော့ ပယ်ဖျက်ခံရလို့ ဆင်ဆာလုပ်လို့ ကျနော်တို့ သပိတ်မှောက်ခဲ့ပြီးပြီ၊ အခုလည်း နောက်တစ်ကြိ်ဖြစ်နေတယ် ဒီ NLD သက်တမ်းအတွင်းမှာ ကျနော်တို့ ရုပ်မြင်သံကြားအစီအစဉ်မှာ ကျနော်တို့ ဟောပြောထုတ်လွှင့်မှုမလုပ်တော့ဘူး၊ ဒါကဒီနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးသမားတွေရဲ့ လွတ်လပ်စွာ ကိုယ့်ရဲ့နိုင်ငံရေးမူဝါဒ ပြောဆိုခွင့်ကို သူတို့က ပိတ်ပင်ထားတာဖြစ်လို့ ဒီမိုကရေစီစံချိန်စံနှုန်းကို ချိုးဖောက်တာဖြစ်သလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချ က်တွေကိုလည်း လုံးဝမျက်ကွယ်ပြုတာဖြစ်လို့ ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် CNLD ပါတီ၏ မူဝါဒ၊ သဘောထားများထဲမှ စာပိုဒ် (၇)၊ အပိုဒ် (၁၊ ၂၊ ၃၊ ၄) တို့မှ စာသားတစ်ချိူ့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပိုဒ်များသည် ချင်းတစ်မျိူးသားလုံးအတွက် မဖြစ်မနေကြိုး ပမ်းဆောင်ရွက်ရမည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အဓိကစွဲကိုင်ထားသော မူဝါဒနှင့် သဘောထားများ ဖြစ်သည်ဟု အောက်တိုဘာလ ၃ ရက်နေ့ကထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။

“အဓိကတော့ ကျနော်တို့ တိုင်းရင်းတွေက လက်နက်ကိုတပ်ဖွဲ့တွေရော ပါတီတွေရော ကျနော်တို့ကိုင်ဆွဲထားတဲ့ လူမျိုးကိုအခြေခံတဲ့ပြည်နယ်ပေါ့နော် ဖက်ဒရယ်အင်္ဂါရပ်မှာအရေးကြီးတစ်ချက်ကတော့ လူမျိုးကိုအခြေခံတဲ့ပြည်နယ် အဲဒီမှာလည်းပဲဗမာလည်း ဗမာအခြေခံပြည်နယ်တစ်ခုရှိရမယ်ပေါ့ အဲဒီကျနော်တို့ပြောထားတဲ့ဟာကို သူတို့က အဲဒီအချက်ကို ဆင်ဆာဖျက်လိုက်တယ် တခြားဖျက်လိုက်တာလည်းရှိပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

CNLD ပါတီ၏ ပယ်ပျက်ခံရသော စာပိုဒ်တစ်ချိူ့မှာ တိုင်းရင်းသားလူမျိူးတစ်မျိူးဖြစ်သော ဗမာလူမျိူးသည်လည်း တိုင်း(၇)တိုင်းအစြဖ် ဖွဲ့စည်းတည်ဆောက်ထားမည့်အစား ပြည်နယ်တစ်ပြည်နယ်အဖြစ် ဖွဲ့စည်းတည်ဆောက်ရန်နှင့် ထိုကဲ့သို့ဖြစ်လာပါက အမျိူးသားလွှတ်တော်တွင် တိုင်းရငး်သားလူမျိူးများတန်းတူရေးအတွက် အမျိူးသားလွှတ်တော်မှာ တိုင်း(၇) တိုင်းမှ ဗမာလူမျိူးကိုယ်စားပြုဦးရေသည် အခြားလူမျိူးများနည်းတူ ညီတူညီမျှစေလွှတ်ရန်လိုအပ်မည်ဟု စာပိုဒ်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ရသော အကြောင်းအရင်းကို ဆန်းစစ်လျှင် လူမျိူးကြီးဖြစ်သော ဗမာလူမျိူးများက လူနည်းစုတိုင်းရင်းသားလူမျိူးများအပေါ်လွှမ်းမိုးခြယ်လှယ်သည်ဟု ခံစားကြသည့်အတွက်ကြောင့်ဆိုသည့်စာပိုဒ်များဖြစ်သည်။

၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီကလည်း ၎င်းတို့၏ ပါတီမူဝါဒ၊ သဘောထားများကို ဖြတ်တောက်တည်းဖြတ်ခံရသည့်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း စက်တင်ဘာလနောက်ဆုံးပတ်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ချင်းနိုင်ငံပါတီ(၃)ပါတီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့အပါအဝင် လွှတ်တော်မဲဆန္ဒနယ်မြေ (၅၇) နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#Zawgyi

BY လားနွန် – နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်တွင် ဟောပြောထုတ်လွှင့်မည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီ၏ မူဝါဒ၊သဘောထား၊ လုပ်ငန်းစဉ်ပါအကြောင်းအရာစာသားတစ်ချို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ပြင်ဆင်ပယ်ဖျက်သည့်အတွက် ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း CNLD ပါတီကပြောဆိုလိုက်သည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ပါတီမူဝါဒ၊ သဘောမထားများ နှင့် လုပ်ငန်းစဉ်များမှ အဓိကအရေးပါသော စာသားတစ်ချို့ပယ်ဖျက်ခံလိုက်ရသည့်အတွက် နိုင်ငံပိုင်ရေဒီိယိုနှင့် ရုပ်မြင်သံကြားတွင် ဟောပြောထုတ်လွှင့်မှုအစီစဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု CNLD ပါတီအထွေထွေအတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ 

“၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်းပဲ ကျနော်တို့တင်ပြထားတဲ့ တော်တော်များများ  ရွေးကောက်ပွဲကော်မရှ င်ကနေပြီးတော့ ပယ်ဖျက်ခံရလို့ ဆင်ဆာလုပ်လို့ ကျနော်တို့ သပိတ်မှောက်ခဲ့ပြီးပြီ၊ အခုလည်း နောက်တစ်ကြိဖြစ်နေတယ် ဒီ NLD သက်တမ်းအတွင်းမှာ ကျနော်တို့ ရုပ်မြင်သံကြားအစီအစဉ်မှာ ကျနော်တို့ ဟောပြောထုတ်လွှင့်မှုမလုပ်တော့ဘူး၊ ဒါကဒီနိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးသမားတွေရဲ့ လွတ်လပ်စွာ ကိုယ့်ရဲ့နိုင်ငံရေးမူဝါဒ ပြောဆိုခွင့်ကို သူတို့က ပိတ်ပင်ထားတာဖြစ်လို့ ဒီမိုကရေစီစံချိန်စံနှုန်းကို ချိုးဖောက်တာဖြစ်သလို တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပ်တည်ချ က်တွေကိုလည်း လုံးဝမျက်ကွယ်ပြုတာဖြစ်လို့ ကျနော်တို့ ကန့်ကွက်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် CNLD ပါတီ၏ မူဝါဒ၊ သဘောထားများထဲမှ စာပိုဒ် (၇)၊ အပိုဒ် (၁၊ ၂၊ ၃၊ ၄) တို့မှ စာသားတစ်ချို့ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး ယင်းအပိုဒ်များသည် ချင်းတစ်မျိုးသားလုံးအတွက် မဖြစ်မနေကြိုး ပမ်းဆောင်ရွက်ရမည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ အဓိကစွဲကိုင်ထားသော မူဝါဒနှင့် သဘောထားများ ဖြစ်သည်ဟု အောက်တိုဘာလ ၃ ရက်နေ့ကထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။ 


CNLD ပါတီ၏ ပယ်ပျက်ခံရသော စာပိုဒ်တစ်ချို့မှာ တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ဗမာလူမျိုးသည်လည်း တိုင်း(၇)တိုင်းအစြဖ် ဖွဲ့စည်းတည်ဆောက်ထားမည့်အစား ပြည်နယ်တစ်ပြည်နယ်အဖြစ် ဖွဲ့စည်းတည်ဆောက်ရန်နှင့် ထိုကဲ့သို့ဖြစ်လာပါက အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများတန်းတူရေးအတွက် အမျိုးသားလွှတ်တော်မှာ တိုင်း(၇) တိုင်းမှ ဗမာလူမျိုးကိုယ်စားပြုဦးရေသည် အခြားလူမျိုးများနည်းတူ ညီတူညီမျှစေလွှတ်ရန်လိုအပ်မည်ဟု စာပိုဒ်ဖြစ်သည်။ 

ထို့အပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ရသော အကြောင်းအရင်းကို ဆန်းစစ်လျှင် လူမျိုးကြီးဖြစ်သော ဗမာလူမျိုးများက လူနည်းစုတိုင်းရင်းသားလူမျိုးများအပေါ်လွှမ်းမိုးခြယ်လှယ်သည်ဟု ခံစားကြသည့်အတွက်ကြောင့်ဆိုသည့်စာပိုဒ်များဖြစ်သည်။ 

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးဦးဆောင်သော ပြည်သူ့ပါတီကလည်း ၎င်းတို့၏ ပါတီမူဝါဒ၊ သဘောထားများကို ဖြတ်တောက်တည်းဖြတ်ခံရသည့်အတွက် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဟောပြောထုတ်လွှင့်တော့မည်မဟုတ်ကြောင်း စက်တင်ဘာလနောက်ဆုံးပတ်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ 

ချင်းနိုင်ငံပါတီ(၃)ပါတီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီသည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့အပါအ၀င် လွှတ်တော်မဲဆန္ဒနယ်မြေ (၅၇) နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.