Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆူရ္ဘုန္ေလယာဥ္ကြင္းေပၚ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းသက္ စမ္းသတ္မႈ ေအာက္တိုဘာေနာက္ဆံုးပတ္တြင္ ျပဳလုပ္မည္ဟု ဆို

ဆူရ္ဘုန္ေလယာဥ္ကြင္းေပၚ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းသက္ စမ္းသတ္မႈ ေအာက္တိုဘာေနာက္ဆံုးပတ္တြင္ ျပဳလုပ္မည္ဟု ဆို

0
By Editor on October 14, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျှက်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ပထမဆုံးအကြိမ် လေယာဉ်ဆင်းစမ်းသတ်မှုကို အောက်တိုဘာ နောက်ဆုံးပတ်တွင်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဆူရ်ဘုန်လေယာဉ်ကွင်းက ဖွင့်ဖို့ဆိုတာမဟုတ်သေးဘူး ၊အဓိက ကတော့ တကယ်ကိုမြေပြင်ကိုဆင်း မယ်၊ အရင်တခေါက်ကျွန်တော်တို့စမ်းသပ်တာက ဒီကွင်းရဲ့အနေအထားကို လေယာဉ်ပေါ်ကနေ ပတ်ပြီးတော့ ကွင်းရဲ့အနေအထား၊ဝင်လမ်း၊ထွက်လမ်းတွေကိုကြည့်တာ ၊ မြေပြင်ကိုလက် တွေ့မဆင်းဘူး၊ ဒီတစ်ခေါက်တော့ လေယာဉ်မောင်းနဲ့ လေယာဉ်မှုးတွေအပါ ဒီကွင်းမှာဆင်းဖို့ပြင်ဆင်ထားတယ်၊ ရာသီဥတုကောင်းရင် အောက်တိုဘာ ၂ရရက်နေ့ကိုမှန်း ထားကြတယ်” ဟု စည်ပင်ဝန်းကြီး ဦးစိုးထက်ကပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းရှိ တပ်ဆင်ထားသည့် စက်ကိရိယာများအားစမ်းသပ်သည့်အနေဖြင့် မြန်မာ့လေကြောင်းလိုင်းမှ BEEK -2900 လေယာဉ်အမျိုးအစားလေယာဉ်ဖြင့် မြေပြင်သို့မဆင်းသပ်ဘဲ လေယာဉ်ပေါ်မှ စမ်းသပ်စစ်ဆေးခြင်းအား ပြီးခဲ့သည့် ဇွန်လ၂၅ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ လေယာဉ်မြေပြင်သို့ ဆင်းသက်စမ်းသတ်မည်ဖြစ်သည်။

ချင်းပြည်နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းသည် ဖွင့်လှစ်နိုင်သည့်အတိုင်းအတာရှိပြီဖြစ်သော်လည်း လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် လူစု၊လူဝေးများလုပ်ခွင့်မရခြင်းကြောင့် ဖွင့်ပွဲလုပ်ရန်မှာ အခက်အခဲရှိနေပြီး ကျင်းပဖို့ အစီအစဉ်မရှိသေးကြောင်း ဦးစိုးထက်မှပြောသည်။

စည်ပင်ဝန်းကြီး ဦးစိုးထက်က“ကျွန်တော်တို့က ဖြစ်နိုင်ရင် အကြီးအကဲတွေ ၊သမ္မတတွေ၊ဒုတိယသမ္မတ၊ အတိုင်ပင်ခံနဲ့ ခမ်းခမ်းနားနားနဲ့ ကျင်းပဖို့ ကျွန်တော်တို့ပြည်နယ်လူထုတွေက မျှော်လင့်တာပေါ့ ၊ ခုက ကိုဗစ်ကာလမှာလူ၃၀၊ ၅ဝလောက်နဲ့ စုပြီးမှဖွင့်တာလောက်ပဲပြည်သူလူထုကလည်းမလုပ်ချင်ဘူး ၊ ကျွန်တော် တို့ပြည်သူ လူထုကလည်း ဒီကိုဗစ်အလွန်ကာလပဲဖြစ်ဖြစ် ဒီလိုသင့်တင့်လျှောက်ပတ်တဲ့အချိန်၊လူ ကြီး တွေအားတဲ့အချိန်နှင့်လူကြီးတွေရဲ့ဆန္ဒတွေနဲ့အဲ့လိုမျိုးနဲ့သိုက်သိုက်ဝန်းဝန်းနဲ့လုပ်ချင်ကြတာ၊ ဒါပေမယ့် လေယာဉ် ပထမဆုံး ဆင်းသက်မယ့်နေ့မှာ အကျဉ်းရုံးလေး လုပ်မလားတော့ တိုင်ပင်နေတယ်” ဟုပြောသည်။

မြန်မာကျပ်ငွေ ၃ရဘီလီယံကုန်ကျသည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို လွန်ခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ပင်လယ်မြေမျက်နှာပြင်အထက် အမြင့်ပေ (၆၀၀၀) တွင်တည်ရှိသည့်လေဆိပ်ဖြစ်ပြီး ခရီးသည် ခုနစ်ဆယ်ကျော် လိုက်ပါစီးနင်းနိုင်သည့် ATR-72 လေယာဉ်များ ဆင်းသတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕အနီးတြင္ တည္ေဆာက္လွ်က္ရွိေသာ ဆူရ္ဘုန္ေလယာဥ္ကြင္း တည္ေဆာက္မႈ ရာႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္၍ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းစမ္းသတ္မႈကို ေအာက္တိုဘာ ေနာက္ဆံုးပတ္တြင္ေဆာင္ရြက္သြားမည္ဟု ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္ကေျပာသည္။

“ဆူရ္ဘုန္ေလယာဥ္ကြင္းက ဖြင့္ဖုိ႔ဆုိတာမဟုတ္ေသးဘူး ၊အဓိက ကေတာ့ တကယ္ကုိေျမျပင္ကုိဆင္း မယ္၊ အရင္တေခါက္ကြ်န္ေတာ္တုိ႔စမ္းသပ္တာက ဒီကြင္းရဲ႕အေနအထားကုိ ေလယာဥ္ေပၚကေန ပတ္ျပီးေတာ့ ကြင္းရဲ႕အေနအထား၊ဝင္လမ္း၊ထြက္လမ္းေတြကုိၾကည့္တာ ၊ ေျမျပင္ကုိလက္ ေတြ႕မဆင္းဘူး၊ ဒီတစ္ေခါက္ေတာ့ ေလယာဥ္ေမာင္းနဲ႔ ေလယာဥ္မႈးေတြအပါ ဒီကြင္းမွာဆင္းဖုိ႔ျပင္ဆင္ထားတယ္၊ ရာသီဥတုေကာင္းရင္ ေအာက္တုိဘာ ၂၇ရက္ေန႕ကုိမွန္း ထားၾကတယ္” ဟု စည္ပင္ဝန္းၾကီး ဦးစိုးထက္ကေျပာသည္။  

ဆူရ္ဘုန္ေလယာဥ္ကြင္းရွိ တပ္ဆင္ထားသည့္ စက္ကိရိယာမ်ားအားစမ္းသပ္သည့္အေနျဖင့္  ျမန္မာ့ေလေၾကာင္းလိုင္းမွ BEEK -2900 ေလယာဥ္အမ်ိဳးအစားေလယာဥ္ျဖင့္ ေျမျပင္သို႔မဆင္းသပ္ဘဲ ေလယာဥ္ေပၚမွ စမ္းသပ္စစ္ေဆးျခင္းအား ၿပီးခဲ့သည့္ ဇြန္လ၂၅ရက္ေန႔က ျပဳလုပ္ခဲ့ၿပီး ယခုအႀကိမ္မွာ ေလယာဥ္ေျမျပင္သို႔ ဆင္းသက္စမ္းသတ္မည္ျဖစ္သည္။ 

ခ်င္းျပည္နယ္ရွိ ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ ဖြင့္လွစ္ႏိုင္သည့္အတိုင္းအတာရွိၿပီျဖစ္ေသာ္လည္း လက္ရွိ ကုိဗစ္-၁၉ ျဖစ္ပြားေနသည့္ ကာလျဖစ္သျဖင့္ လူစု၊လူေဝးမ်ားလုပ္ခြင့္မရျခင္းေၾကာင့္ ဖြင့္ပြဲလုပ္ရန္မွာ အခက္အခဲရွိေနၿပီး က်င္းပဖို႔ အစီအစဥ္မရွိေသးေၾကာင္း ဦးစိုးထက္မွေျပာသည္။

စည္ပင္ဝန္းၾကီး ဦးစိုးထက္က“ကြ်န္ေတာ္တုိ႔က ျဖစ္ႏုိင္ရင္ အၾကီးအကဲေတြ ၊သမၼတေတြ၊ဒုတိယသမၼတ၊ အတုိင္ပင္ခံနဲ႕ ခမ္းခမ္းနားနားနဲ႔ က်င္းပဖို႔ ကြ်န္ေတာ္တုိ႔ျပည္နယ္လူထုေတြက ေမ်ွာ္လင့္တာေပါ့ ၊ ခုက ကုိဗစ္ကာလမွာလူ၃၀၊ ၅၀ေလာက္နဲ႔ စုျပီးမွဖြင့္တာေလာက္ပဲျပည္သူလူထုကလည္းမလုပ္ခ်င္ဘူး ၊ ကြ်န္ေတာ္ တုိ႔ျပည္သူ လူထုကလည္း ဒီကုိဗစ္အလြန္ကာလပဲျဖစ္ျဖစ္ ဒီလုိသင့္တင့္ေလွ်ာက္ပတ္တဲ့အခ်ိန္၊လူ ၾကီး ေတြအားတဲ့အခ်ိန္ႏွင့္လူၾကီးေတြရဲ႕ဆႏၵေတြနဲ႔အဲ့လုိမ်ဳိးနဲ႔သုိက္သုိက္ဝန္းဝန္းနဲ႔လုပ္ခ်င္ၾကတာ၊ ဒါေပမယ့္ ေလယာဥ္ ပထမဆံုး ဆင္းသက္မယ့္ေန႔မွာ အက်ဥ္းရံုးေလး လုပ္မလားေတာ့ တိုင္ပင္ေနတယ္” ဟုေျပာသည္။ 

ျမန္မာက်ပ္ေငြ ၃၇ဘီလီယံကုန္က်သည့္ ဆူရ္ဘုန္ေလယာဥ္ကြင္းကို လြန္ခဲ့သည့္ ၂၀၁၅-၂၀၁၆ ဘ႑ေရးႏွစ္က စတင္ေဆာင္ရြက္ခဲ့ျပီး ပင္လယ္ေျမမ်က္ႏွာျပင္အထက္ အျမင့္ေပ (၆၀၀၀) တြင္တည္ရွိသည့္ေလဆိပ္ျဖစ္ၿပီး ခရီးသည္ ခုနစ္ဆယ္ေက်ာ္ လိုက္ပါစီးနင္းနိုင္သည့္ ATR-72 ေလယာဥ္မ်ား ဆင္းသတ္ႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.